ရခိုင်ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်

ရခိုင်ကမ်းရိုးတန်းသို့ ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိအားနည်းရပ်ဝန်းသည် မေလ ၈ ရက်နေ့တွင် မုန်တိုင်း ငယ်အဆင့်သို့ ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ အားကောင်းသောမုန်တိုင်းငယ်မှ ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ပြောင်းလဲနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းက DMG ကို ပြောသည်။

“မေလ ၇ ရက်နေ့လောက်မှာ လေဖိအားနည်း ရပ်ဝန်းဖြစ်နိုင်တယ်။ ၈ ရက်နေ့လောက်မှာ မုန်တိုင်းငယ် ဖြစ်နိုင် တယ်။ မုန်တိုင်းငယ်ကနေ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းလည်း ဖြစ်လာနိုင်ခြေများတယ်။ ဘင်္ဂလားပင် လယ် အလယ်ပိုင်းအထိလည်း ရောက်နိုင်တယ်။ အဲဒီကနေ ဘယ်ကိုဦးတည်သွားမယ်ဆိုတာတော့ ပြောဖို့စော သေးတယ်။ အပူပိုင်းဒေသမှာ ဖြစ်တယ်ဆို့တော့ အပူပိုင်းမုန်တိုင်းလို့ ပြောလို့ရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါမုန်တိုင်းငယ်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းဒေသနှင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများမှာ မိုး ကြီး၊ လှိုင်းကြီးမှုများ ဖြစ်လာနိုင်၍ သတိထားကြရမည်ဟု ဦးလှထွန်းက ဆက်ပြောသည်။

မေလ ၆ ရက်နေ့၊ မွန်းလွှဲ ၂ နာရီ တိုင်းတာချက်အရ အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ပြီး၊ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ် မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုး တန်းကို ဖြတ်သန်းနိုင်ပြီး ရခိုင်ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်နိုင် ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရခိုင်ကမ်းရိုးတန်း ဘင်္ဂလားပင်လယ်အော်အနီးရှိ ကျေးရွာများတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က မုန်တိုင်းအကြောင်း အသိပေးဆော်ဩမှုထားများ ရှိနေသည်။

“မုန်တိုင်းရှိတယ်ကြားလို့ ကျနော်တို့ ရွာတွေမှာတော့ ရွာဆော်နဲ့ဆော်ဩတာတွေ ရှိတယ်။ ရွာသားတွေလည်း ကြိုတင်ပြင်ထားမှုတွေတော့ တွေ့ရတယ်။ လောလောဆယ်တော့ ရှောင်နေကြတာတွေ မရှိသေးဘူး။ ပိုက် သမားတွေဆိုရင်တော့ ပစ္စည်းတွေကို ကြိုတင်ပြင်ဆင်ထားကြပြီ”ဟု ပေါက်တောမြို့နယ် သဲခုံကျေးရွာသား ကိုညီထွန်းချေက ပြောသည်။

လက်ရှိတွင် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိပြီး အမြင့်ပေ ၄ ပေမှ ၆ ပေခန့်အထိ မြင့်တက်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...