လွိုင်ကော် – မိုးဗြဲ နယ်စပ်မှာ ခရီးသည်တင်ယာဉ် ၃ စီး ပစ်ခတ်ခံရ

လွိုင်ကော် – မိုးဗြဲ နယ်စပ်မှာ ခရီးသည်တင်ယာဉ် ၃ စီး ပစ်ခတ်ခံရ

လွိုင်ကော်-ရန်ကုန်ပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ် ရွှေကန္ဒရီ၊ ရွှေရာဇာ၊ သိန်းသန်းကုဋေ ယာဉ်လိုင်းတွေဟာ လွိုင်ကော် – မိုးဗြဲ နယ်စပ်ဖြစ်တဲ့ ကုန်းသာကျေးရွာနဲ့ ဝါရီကောခူကျေးရွာမှာ ပစ်ခတ်ခံရတယ်လို့ ကားမောင်းသမားတွေဆီကနေ သိရပါတယ်။

“ကျနော်တို့ကားက ဒီနောက်ဆုံးမှ ထွက်သွားတာပေါ့နော။ ကျနော်တို့ကားက ကုန်းသာ ရှေ့မှာ တခြားကားတွေပြန်လှည့်တဲ့အချိန် ကျနော်တို့လည်း ပြန်လည့်တဲ့အချိန်မှာ ဒီကုန်းသာ ကုန်းဆင်းမှာ ပြန်လှည့်တဲ့အချိန်မှာ အပစ်ခံရတာ။ ကားရှေ့မှန်ကြီးတော့ တစ်ချက်ထိတယ်ဗျ။ နောက်ပြီး ဒါရိုက်ဘာဘေးကမှန်ငယ် ကွဲသွားတယ်ဗျ။ ပြီးတော့ ကားဘော်ဒီ ထိသွားတယ်ဗျ။ ကားပြန်လှည့်တဲ့အချိန်ပစ်တာ။” လို့ ကားပစ်ခတ်ခံရတဲ့ ကားမောင်းသမားတစ်ဦး က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ဒီကနေ့ ဧပြီလ ၂၆ ရက်နေ့ မနက် ၁၁နာရီ ၄၅ မိနစ်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ကားပေါ်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်မှုမရှိပေမယ့် ကားမှန်တွေတော့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

လွိုင်ကော်ကနေ ရန်ကုန်သွားဖို့ ဝါရီကောခူကျေးရွာအရောက်မှာ မိုးဗြဲမြို့တွင်း ဒီကနေ့မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတဲ့အတွက် ကားပြန်လှည့်တဲ့အချိန်မှာ ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

ဒီလိုခရီးသည်တင်ယာဉ်လိုင်းပစ်ခတ်ခံရတာ ပထမဆုံးဖြစ်ပြီး မည်သူမည်ဝါက ပစ်ခတ်သွားတာကို တိတိကျကျမသိရပေမယ့် ပစ်ခတ်ခံရတဲ့အတွက် ခရီးသည်တွေကော ကားမောင်းသမားတွေပါ စိုးရိမ််ထိတ်လန့်နေကြတယ်လို့ အဆိုပါ ကားသမားက ပြောပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...