ပေါင်းတည်မြို့က ဆောက်လုပ်ဆဲ စစ်ကောင်စီသင်္ကြန်မဏ္ဍပ် မိုင်းဖောက်ခွဲခံရ

ပေါင်းတည်မြို့က ဆောက်လုပ်ဆဲ စစ်ကောင်စီသင်္ကြန်မဏ္ဍပ် မိုင်းဖောက်ခွဲခံရ

ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီ ဟန်ပြကျင်းပမယ့် သင်္ကြန်ပွဲကို သပိတ်မှောက်ဖို့အတွက် ဆောက်လုပ်ဆဲ ဗဟိုမဏ္ဍပ်ကို အသံမိုင်းဖောက်ခွဲ သတိပေးခဲ့တယ်လို့ Bago Region PDF က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ဧပြီလ(၉) ရက်နေ့မနက်အစောပိုင်းက ပေါင်းတည်မြို့၊စျေး(၂) ရပ်ကွက် ဘုရားကြီးလမ်းပေါ် မှာဆောက်လုပ်နေတဲ့ စစ်ကောင်စီသင်္ကြမ်မဏ္ဍပ်ကို ပေါင်းတည်မြို့နယ် ပ.က.ဖ နွေဦးအဖွဲ့ တပ်ရင်း - ၃၆၀၁ တပ်ခွဲ - ၅ က မိုင်းခွဲသတိပေးမှုပြုလုပ်ခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက လမ်းပိတ်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး လူထိခိုက် မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပေါင်းတည်မြို့နယ်မှာ ကံစမ်းမဲလက်မှတ် တွေပြုလုပ်ပြီး ထွေအုပ်စာရေးတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာတွေကတဆင့် လောင်းကစားဒိုင်၊သစ်မှောင်ခိုသမား၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာ Non CDM ဝန်ထမ်း အသီးသီးကို လက်မှတ်ရောင်းချပြီး ဆက်ကြေးကောက်ခံတာတွေလုပ်ဆောင်နေတယ်လို့ သိရပါ တယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေအပေါ်ကျူးလွန်ဆောင်ရွက်နေတဲ့ စစ်ရာဇဝတ်မှုတွေ ကို ဖုံးကွယ်လိမ်ညာဖို့နဲ့ ပြည်သူတွေ အာရုံလွဲမှားစေဖို့ မြန်မာ့ နှစ်သစ်ကူး အတာသဘင်ပွဲကို သူတို့ရဲ့ အကျိုးစီးပွားအတွက် ဟန်ပြကျင်းပနိုင်ရေး အပူတပြင်းဆောင်ရွက်နေတာဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ စစ်ကောင်စီရဲ့ အကျိုးစီးပွားအဖြစ် အသုံးချဖို့ကြိုးစားနေတဲ့ အပျော်သင်္ကြန်ကို သပိတ်မှောက်ငြင်းဆန်ပြီး တော်လှန်သင်္ကြန် ဆင်နွှဲဖို့ ပြည်သူတွေကို မေတ္တာရပ်ခံထားပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - Bago PDF

April 11, 2026
မွန်ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေရဲ့ လူမှုစီးပွားဘဝ ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...
ဓာတ်ပုံ-CJ
April 10, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ အပြောင်းအလဲ ဖြစ်လာပေမယ့် ဒေသတွင်းမှာတော့ လောင်းကစားဝိုင်းတွေကို...
ဓာတ်ပုံ - Social Media
April 9, 2026
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကော်ရှင်တပ်က အင်အားအလုံးရင်းနဲ့ စစ်ကြောင်းထိုးလာလို့ ဒေသခံ...
April 8, 2026
မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကော်မရှင်တပ်ရဲ့ ကာကင်းစခန်း နှစ်ခုကို...