နမ့်ဖတ်ကာ – နမ့်ခမ်း ပတ်လမ်း (၁၂) မိုင်ရွာတွင် နေအိမ် (၂၆) လုံး မီးလောင်မှုဖြစ်ပွား

နမ့်ဖတ်ကာ – နမ့်ခမ်း ပတ်လမ်း (၁၂) မိုင်ရွာတွင် နေအိမ် (၂၆) လုံး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည် လားရှိုးခရိုင် နမ့်ဖတ်ကာ – နမ့်ခမ်း ပတ်လမ်းရှိ (၁၂) မိုင်ရွာတွင် မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် (၂၆) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (ဧပြီလ ၇ ရက်) ညနေ ၁၁ နာရီဝန်းကျင်တွင် မီး စတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် စုစုပေါင်း အိမ်ခြေ (၂၆) လုံး ပျက်စီးဆုံးရှုံးခဲ့ကာ ထိခိုက် ဒဏ်ရာရရှိသူ မရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အိမ်ခြေကတော့ ၂၀ ကျော်၊ ၂၆ အိမ်လောက်တော့ မီးလောင်သွားတယ်လို့ သိထားရတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူတော့ မရှိဘူး။ မီးက ဘယ်လိုကနေ ဘယ်လိုလောင်တာလဲတော့ မသိဘူး။ ကျနော်တို့နဲ့လည်း ဝေးတယ်။ အခုက သူတို့ မီးဘေးသင့်သွားတဲ့အတွက် ကျနော်တို့က သွားရောက် ထောက်ပံ့ပြုစုပေးတာ“ ဟု ၎င်းက ပြောသည်။

လက်ရှိမှာ မီးလောင်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် နွေရာသီအချိန်ကာလမှာ လေ တိုက်ခတ်မှုများကြောင့် မီးလောင်လွယ်သလို လျှပ်စစ်မီး ဝါယောရှော့ခ် ကြောင့်လည်း မီးလောင်ကျွမ်းမှု ဖြစ်နိုင်ကြောင်း သိရသည်။

Most read this week

မိုင်းပျဉ်း ၁၆ မိုင်ဂိတ်တွင် မြင်တွေ့ရသည့်ပုံ / Crd
September 4, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ် – မိုင်းရှူး လမ်းတစ်လျှောက်ရှိ စစ်အုပ်စုတပ်...
ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...