KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ နီးပါး ဖြစ်ပွားခဲ့

KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ နီးပါး ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း စစ်ကောင်စီ နယ် ခြားစောင့်တပ် BGF နဲ့ KNLA တပ်မဟာ(၅)တို့အကြား တိုက်ပွဲပေါင်းအကြိမ်(၂၀၀)နီးပါး ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅) က ထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ BGF ဘက်က ၉၂ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက် သေဆုံးသူတွေထဲမှာ တပ်ခွဲမှူး(၁)ဦးနဲ့ တပ်ကြပ်ကြီး(၂)ဦး ပါရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNLA တပ်မဟာ(၅)ဘက်မှာတော့ (၄)ဦးကျဆုံးပြီး (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တပ်မ ဟာ(၅)က ဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီစရဲ့ စစ်သုံးမော်တော်ယာဉ်(၃)စီးနဲ့ ဆိုင်ကယ်(၁)စီးကိုလည်း ဖျက် ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လေယာဉ်နဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒေသခံပြည်သူတွေ နေထိုင်ရာကျေးရွာတွေနဲ့ ဥယျာဉ်ခြံမြေထဲ လက်နက်ကြီးနဲ့ အလုံးပေါင်း(၁၄၂)လုံး ပစ်ခတ်ခဲ့ရာ ဒေသခံ(၁)ဦး သေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကျူးလွန်ပြုလုပ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းထံကနေ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ -Cobra Column

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...