KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ နီးပါး ဖြစ်ပွားခဲ့

KNU ဖာပွန်ခရိုင်မှာ တစ်လအတွင်း တိုက်ပွဲပေါင်းအကြိမ် ၂၀၀ နီးပါး ဖြစ်ပွားခဲ့

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ မတ်လတစ်လအတွင်း စစ်ကောင်စီ နယ် ခြားစောင့်တပ် BGF နဲ့ KNLA တပ်မဟာ(၅)တို့အကြား တိုက်ပွဲပေါင်းအကြိမ်(၂၀၀)နီးပါး ဖြစ်ပွားခဲ့တယ်လို့ တပ်မဟာ(၅) က ထုတ်ပြန်ပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ BGF ဘက်က ၉၂ ဦး သေဆုံးပြီး ၄၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက် သေဆုံးသူတွေထဲမှာ တပ်ခွဲမှူး(၁)ဦးနဲ့ တပ်ကြပ်ကြီး(၂)ဦး ပါရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNLA တပ်မဟာ(၅)ဘက်မှာတော့ (၄)ဦးကျဆုံးပြီး (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ တပ်မ ဟာ(၅)က ဆိုထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီစရဲ့ စစ်သုံးမော်တော်ယာဉ်(၃)စီးနဲ့ ဆိုင်ကယ်(၁)စီးကိုလည်း ဖျက် ဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဂျက်တိုက်လေယာဉ်နဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဒေသခံပြည်သူတွေ နေထိုင်ရာကျေးရွာတွေနဲ့ ဥယျာဉ်ခြံမြေထဲ လက်နက်ကြီးနဲ့ အလုံးပေါင်း(၁၄၂)လုံး ပစ်ခတ်ခဲ့ရာ ဒေသခံ(၁)ဦး သေဆုံးခဲ့ပြီး (၅)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွေက စစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကျူးလွန်ပြုလုပ်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲကြောင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းထံကနေ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ -Cobra Column

July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...
July 9, 2026
နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းသည် လက်ရှိတွင်...
 ဓါတ်ပုံ - MOI
July 8, 2026
နိုင်ငံရေးပါတီများကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်နိုင်ရန်အတွက် ပြည်ထောင်စု...