စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံဒိုးတွင် အသက် ၁၂ အရွယ်ကလေးငယ်တစ်ဦး သေဆုံး

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကျုံဒိုးတွင် အသက် ၁၂ အရွယ်ကလေးငယ်တစ်ဦး သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ မနီကုန်း ( ရိုမဟာတစ်)ရွာတွင် ယနေ့ ဧပြီလ ၃ ရက် နံ နက် ၈နာရီဝန်းကျင်တွင် စစ်ကားပေါ်ရှိ စစ်ကောင်စီတပ်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့သည်ဟု သိရသည်။

ကျုံဒိုး၊ မနီကုန်းနေရာတွင် တိုက်ပွဲတစ်စုံတရာဖြစ်ပွားခြင်းမရှိဘဲ ကားပေါ်ရှိ စစ်ကောင်စီတပ်သားများက သေနတ် လေး၊ ငါးချက်ခန့် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်သောကြောင့် ဆိုင်ကယ်ပြင်ဆိုင်တွင်ရှိသည့် စတုတ္ထတန်းကျောင်းသား မောင်ဝေသာလီထွန်း ၁၂ နှစ်၏ ပေါင်ရင်းကို ကျည်ထိမှန်ခဲ့‌ပြီး ဆေးရုံသွား သည့်လမ်းတွင် အသက်သေဆုံးသွားခဲ့သည်ဟု ဖြစ်စဉ်အနီးအနားရှိ ဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “အရင်တုန်းကလည်း အဲဒီဘက်မှာဆိုရင်လည်း စစ်ကားတွေ၊ ဘာတွေတက်လာနေကျပဲ ။ အဲလို မျိုးမထင်ထားမိဘူးပေါ့နော်။ အဲဒါကျတော့ ဗြုန်းစားကြီးဖြစ်သွားတယ်ဆိုတော့ သူ‌‌ ပြေးပုန်း ဖို့အချိန်မရှိဘူး။ တစ်ခါထဲလာတာနဲ့ရမ်းပစ်တော့တာ”ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်က တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိဘဲ ယခုလို သေနတ်ရမ်းသမ်းပစ်ခတ်မှုများ လုပ် ဆောင်သောကြောင့် အသက်လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မြိုခံတစ်ဦးက “အခုလိုလုပ်သွားတာက ဒါလူမဆန်တဲ့လုပ်ရပ်ပဲ။ ဘာမှမဆိုင်ဘဲ အပြစ်မရှိတဲ့ ကလေးလေးကိုထိသွားတာ၊ တကယ်လို့အဲ့နားမှာ PDF (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့)တွေရှိလို့ ပစ်တယ်ဆိုရင်ကတော့ နည်းနည်းတော်သေးတယ်။ အခုဟာက တွေ့ရာပစ်သွားတာ ဒါ လုံးဝပြည်သူလူထုပေါ်ကို ရန်စတာ” ဟု ပြောသည်။

အလားတူ ယမန်နေ့ ဧပြီလ ၂ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ် ခတ်မှုကြောင့် ကော့ကရိတ်ဝင်းကြီး ရပ်ကွက်ဒေသခံတစ်ဦးနှင့် ရေပူရွာ ဒေသခံ အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ရေပူရွာ အမျိုးသမီးတစ်ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ဖားအံဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...