နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည်ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည်ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည် ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

" နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထု တော်လှန်ရေးကြီး ဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ္ဘူးဆိုတာကို ပြတ်ပြတ် သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ်စု အသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲဝင်နေခြင်း ဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေး မူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြု ထားပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

တော်လှန်ရေးအတွင်း အင်အားစုများအားလုံး ဝိုင်းဝန်းသဘော တူညီထားသည့် နိုင်ငံရေးဘုံသဘောတူညီ ရှိရမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပေါ်ထွက်လာခြင်းဖြစ် ကာ နိုင်ငံရေးလမ်းပြမြေပုံလည်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို နှိမ်နင်းရာတွင်အသုံးပြုရမည်ဟု ၎င်းကဆက်ပြောသည်။

" စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစၧာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးခ် တိုက်ပွဲဝင်ရပါလိမ့်မယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများလည်း တက်ရောက်ခဲ့သည်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...