နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည်ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည်ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတပြော

နွေဦးတော်လှန်ရေးမှာ အုပ်စုအကျိုးစီးပွားအတွက် ဖြစ်ပေါ်လာ သည့် တော်လှန်ရေး မဟုတ်သည်ကို ပြတ်ပြတ်သားသား နားလည် ထားကြရန်လိုအပ် ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားတွင် ပြောကြားသည်။

" နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထု တော်လှန်ရေးကြီး ဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေး မဟုတ္ဘူးဆိုတာကို ပြတ်ပြတ် သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ်စု အသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲဝင်နေခြင်း ဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေး မူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြု ထားပါတယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

တော်လှန်ရေးအတွင်း အင်အားစုများအားလုံး ဝိုင်းဝန်းသဘော တူညီထားသည့် နိုင်ငံရေးဘုံသဘောတူညီ ရှိရမည်ဖြစ်ကြောင်း၊ ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ပေါ်ထွက်လာခြင်းဖြစ် ကာ နိုင်ငံရေးလမ်းပြမြေပုံလည်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို နှိမ်နင်းရာတွင်အသုံးပြုရမည်ဟု ၎င်းကဆက်ပြောသည်။

" စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစၧာနှင်တဲ့ကမ္မဝါစာအဖြစ် အသုံးခ် တိုက်ပွဲဝင်ရပါလိမ့်မယ်" ဟု ယာယီသမ္မတကြီးက ပြောသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (၂) နှစ်ပြည့် အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ တော်လှန်ရေးအင်အားစုများလည်း တက်ရောက်ခဲ့သည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...