ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD က ပါတီပြန်လည်မှတ်ပုံတင်၊ မတင် မဆုံးဖြတ်ရသေးဟုဆို

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD က ပါတီပြန်လည်မှတ်ပုံတင်၊ မတင် မဆုံးဖြတ်ရသေးဟုဆို

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း ပြုလုပ်မည် မပြုလုပ်မည်ကို မဆုံးဖြတ်ရသေးကြောင်း ၎င်းတို့ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကပြောသည်။

“ကျွန်တော်တို့ ဆွေးနွေးနေတုန်းပါ။ အခု ကျွန်တော်တို့ နယ်တွေ ဘာတွေနဲ့ဝေးတော့ ဆက်သွယ်ရခက်နေတယ်။ ကျွန်တော်တို့ zoom Meeting လုပ်ဖို့လည်း ဟိုးတောင်ပေါ်မှာဆိုတော့ လိုင်းမရှိဘူးလေ” ဟု ZCD ပါတီအတွင်းရေးမှူး ပူးဂင့်ကမ်းလျန်ကပြောသည်။

စစ်ကောင်စီက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်တရပ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အသစ်ပြဋ္ဌာန်းလိုက်သော ယင်းပါတီမှတ်ပုံတင်ဥပဒေသစ်အရ ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးပါတီအားလုံး ပြန်လည်မှတ်ပုံတင်ရမှာဖြစ်ပြီး၊ မှတ်ပုံပြန်မတင်ပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟုဖော်ပြထားသည်။

ထို့ကြောင့် ယင်းဥပဒေသစ်အရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရမည့်ကာလသည် ၁၀ ရက်ခန့်သာကျန်တော့ပြီး မတ်လ ၂၆ ရက်နေ့တွင်ကုန်ဆုံးတော့မှာဖြစ်သည်။

“ကျွန်တော်တို့ ပါတီအဟောင်းတွေအနေနဲ့တော့ ပြဿနာမရှိဘူးလေ၊ ထပ်တင်မယ်ဆိုရင် သိန်း ၁၀၀ သွင်းဖို့ ဒါပဲရှိတော့တာ သွင်းမယ်ဆိုရင် မခက်ပါဘူး။ ဒါပေမယ့် ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာ မသေချာတော့ ကောင်းကောင်းမပြောနိုင်ဘူး” ဟု ပူးဂင့်ကမ်းလျန်ကပြောသည်။

ယခုလက်ရှိအချိန်ထိ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်လျှောက်ထားသူ ၂၃ ပါတီရှိပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားပြီး ယင်းတို့မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆွယ်စည်းရုံးမည့်ပါတီ ၅ ပါတီနှင့် ပြည်နယ်နှင့်တိုင်းတစ်ခုမှာပဲ စည်းရုံးမည့်ပါတီ ၁၈ ပါတီရှိပြီဟု သိရသည်။

Most read this week

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...