ဇွဲကပင်တောင်တက်ပွဲတော်တွင် လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

ဇွဲကပင်တောင်တက်ပွဲတော်တွင် လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

ဖားအံမြို့ရှိ ကရင်ပြည်နယ်၏ အထင်ကရင် ဇွဲကပင်တောင်တက်ပွဲတော်တွင် အန်ဂလုံ လောင်းကစားဝိုင်းများဖြင့် စည်ကားစွာ ပြုလုပ်ကျင်းပလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ဇွဲကပင်တောင်တက်ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း မတ်လ(၅)ရက်နေ့မှ ယခုအချိန်ထိ ကျင်းပလျက်ရှိရာ ပွဲတော်အတွင်း လောင်းကစားဝိုင်းများ ထည့်သွင်းကာ စည်ကားစွာကျင်းပလျက်ရှိနေကြောင်း အမည်မဖော်လိုသူ ဖားအံမြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အဲ့ဒီမှာ ပွဲကတော့ တော်တော်စည်တယ်၊ အန်ဂလုံတို့၊ ငါးခုဆယ်ခုလောက်ရှိတယ်။ အဲ့လိုမျိုးကြီးပဲ ဘုရားပွဲတွေမှာမြင်ရတယ်။ အဲ့ဒါတွေကို လုံခြုံရေးယူပေးတာက BGF (နယ်ခြားစောင့်တပ်)။”ဟု ကေအိုင်စီသို့ ပြောသည်။

လတ်တလောတွင် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ဖာပွန်ဒေသဘက်တွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ဒေသခံအရပ်သားပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော်လည်း မြို့ပြဘက်တွင် ဘုရားပွဲတော်များ၊ ပွဲလမ်းသဘင်များ မကြာခဏ ပြုလုပ်ကျင်းပနေမှုအပေါ် ဒေသခံပြည်သူများအကြား ထောက်ပြဝေဖန်မှုများရှိနေ သည်။

ဖားအံလူငယ်တစ်ဉီးကတော့ “တခြားနေရာတွေကတော့ တိုက်ပွဲတွေဖြစ်နေတာ ဖားအံမြို့ တစ်မြို့ကျတော့ ဘုရားပွဲတွေ လုပ်တာမပြီးတော့ဘူး။ ပြီးခဲ့တဲ့ရက်ကဆို ခလောက်နို့ပွဲ၊ ပြီးတော့ ကမ်းနားကဘောလုံးကွင်းမှာ လည်း တပေါင်းလပြည့်ပွဲ။ တောထဲကကျတော့ ဒုက္ခတွေရောက်လို့ ဒီမှာကျတော့ ပျော်လို့ရွှင်လို့ ပွဲတွေလုပ်လိုက်နဲ့။”ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် တိုင်းနှင့်ပြည်နယ် ၃၇ ခုကို စစ်အုပ် ချုပ်ရေး(Martial Law) ကြေညာပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးသတ်မှတ်ခြင်းခံရသည့် ကောကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ညတိုင်းလိုလို ရမ်းသမ်း ပစ်ခတ်မှုလုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် လပိုင်းက ဖြစ်ပွားခဲ့သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိမ်းရှောင်ခဲ့ကြရသော စစ်ဘေးရှောင်များအနေဖြင့်လည်း ယခုအချိန်ထိနေရပ်ပြန်နေထိုင်၍မရသေးကြောင်း စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူများက ပြောသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...