UNHCR ရုံးရှေ့တွင် ရှစ်ကြိမ်မြောက် အသံတိတ်ဆန္ဒပြပွဲ Mae Sot Refugee Voice အဖွဲ့ ပြုလုပ်ပြီး အိတ်ဖွင့်စာပေးပို့

UNHCR ရုံးရှေ့တွင် ရှစ်ကြိမ်မြောက် အသံတိတ်ဆန္ဒပြပွဲ Mae Sot Refugee Voice အဖွဲ့ ပြုလုပ်ပြီး အိတ်ဖွင့်စာပေးပို့

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)ရုံး ရှေ့တွင် ရှစ်ကြိမ်မြောက် အသံတိတ်ဆန္ဒပြပွဲကို Mae Sot Refugee Voice အဖွဲ့က ယနေ့ ပြုလုပ်ခဲ့ပြီး အိတ်ဖွင့်ပေးစာပါ ပေးပို့လိုက်ကြောင်း ဦးဆောင်စီစဉ်သူများထံမှ သိရသည်။

အဆိုပါ ဆန္ဒပြပွဲကို ယနေ့နံနက်ပိုင်းတွင် Mae sot Refugee Voice အဖွဲ့ဝင်များက ပြုလုပ်ပြီး အချက်လေးချက်ပါ အိတ်ဖွင့်စာတစ်စောင်ကိုလည်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)ရုံးသို့ပေးပို့ခဲ့ ကြောင်း Mae Sot Refugee Voice မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလိုပြောသည်။

၎င်းက “အဓိကတော့ မြန်မာ refugee (ဒုက္ခသည်)တွေ မဲဆောက်မှာ ခက်ခဲကြပ်တည်းနေတယ်။ ထိုင်းရဲကို ပိုက်ဆံပေးနေရတယ်ဆိုတာကို သူတို့သိအောင်ထည့်ရေးထားပါတယ်။ ဖြစ်နိုင်ရင် မြန်မာ refugee တွေကို အသိ အမှတ်ပြုဖို့ ခိုလှုံခွင့်ရအောင် UNHCR က ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။ မြန်မာ refugee တွေဆီကို နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေရောက်အောင် စီစဥ်ဆောင်ရွက်ပေးဖို့စတဲ့အချက်တွေပါပါတယ်။ စာအိတ် ကိုလည်း သူတို့ဆီက ရုံးဝန်ထမ်းက တဆင့်လက်ခံယူလိုက်ပါတယ်။” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတုန်းကလည်း မဲဆောက်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ မဲဆောက်အချုပ်ထောင်ရှေ့နှင့် UNHCR ရုံးရှေ့များတွင် မြန်မာဒုက္ခသည်များကိုလေးစားအသိမှတ်ပြုရန်အတွက် အသံတိတ် ဆန္ဒထုတ် ဖော်ပြသခဲ့သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက UNHCR ရုံးရှေ့တွင် ပြုလုပ်သည့် အသံတိတ်ဆန္ဒပြပွဲနှင့်ပတ်သက်ပြီး ခြိမ်းခြောက်ခံရခြင်းများရှိသောကြောင့် မြေပြင်လှုပ်ရှားမှုကိုရပ်နားခဲ့ပြီး မတ်လ ၁ ရက်နေ့မှစတင်ကာ ဆန္ဒပြပွဲ ကို ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ဦးဆောင်စီစဉ်သူများက ပြောသည်။

Most read this week

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...