ချင်းပြည်နယ်မှာ ၂ လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် ပြုလုပ်ခဲ့

ချင်းပြည်နယ်မှာ ၂ လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် ပြုလုပ်ခဲ့

စစ်ကောင်စီတပ်ဖွဲ့က ချင်းပြည်နယ်မှာ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ ၂ လအတွင်းမှာ လေကြောင်းကနေ အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ရက်ပေါင်း ၅၀ ကျော်အတွင်း ချင်းပြည်နယ်မှာ တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တို့ဖြင့် အနည်းဆုံး ၁၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူနေအိမ်များစွာ

ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ချင်းအမျိုးသားတပ်ဦး CNF သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ မင်းတပ်မြို့နယ်ထဲမှာ ၁၂ ကြိမ်နဲ့ မတူပီမြို့နယ်ထဲမှာ ၂ ကြိမ် စုစုပေါင်း အကြိမ် ၄၀ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလထဲမှာတော့ ထန်တလန်မြို့တစ်ခုတည်းမှာ စစ်ကောင်စီကလေကြောင်းတိုက်မှု ၇၅ကြိမ် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၂၅ ရက်နေ့ ၂ ရက်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၃၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ CNF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နှစ်လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ထန်တလန်မြို့တွင်းကလွဲပြီး ကျန်တဲ့နေရာတွေဟာ စစ်ဘေးရှောင်နဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...