လွိုင်ကော်မှာ ပတ်စ်ပို့စ်ရုံးပြန်ဖွင့်ပြီး လာရောက်လျှောက်ထားသူများပြားနေ

လွိုင်ကော်မှာ ပတ်စ်ပို့စ်ရုံးပြန်ဖွင့်ပြီး လာရောက်လျှောက်ထားသူများပြားနေ

ကရင်နီပြည် လွိုင်ကော်မြို့က နိုင်ငံကူးလက်မှတ်( Passport ) ပြုလုပ်ပေးတဲ့ရုံးမှာ ဒီကနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး လာရောက်လျှောက်ထားသူတွေများပြားနေတယ်လို့ လွိုင်ကော်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒီကနေ့ မနက် ၉ နာရီကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လာရောက်လျှောက်ထားသူ အယောက် ၉၀ ကိုသာ ပြုလုပ်ပေးနေတယ်လို့ လွိုင်ကော်မြို့က နိုင်ငံကူးလက်မှတ် လျှောက်ထားသူတစ်ဦးက ပြောပါတယ်။

“များတော့များပါတယ်။ ဒါပေမယ့် သူတို့က အယောက် ၉၀ လောက်လားမသိဘူး။ အဲဒါ ရပ်ထားလိုက်တယ်ပေါ့နော။ လူတအားများလို့ ညမိုးချုပ်သွားမှာစိုးလို့ စာရင်းပိတ်ထားလိုက်တယ်ပေါ့နော။ ဒါပေမယ့်လည်း နောက်ရက်တော့ ဘယ်လိုလုပ်မလဲမသိပါဘူး။ ဒီရက်တော့ ဒီလောက်ပဲ လုပ်ပေးတယ်။” လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မှာ နိုင်ငံကူးလက်မှတ်လျှောက်ဖို့ လာရောက်သူတွေများပြားတဲ့အတွက် လူပြည့်ပြီး ပြန်လှည့်ပြန်ရတဲ့သူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကယားပြည်နယ်မှ အိမ်ထောင်စုစာရင်း (ပုံစံ- ၁၀) ကိုင်ဆောင်ထားသူတွေကိုသာ ပြုလုပ်ပေးနေတယ်လို့ဆိုပါတယ်။

နိုင်ငံကူးလက်မှတ် အသစ်ပြုလုပ်သူတွေ၊ သက်တမ်းတိုး စတာတွေကို အကုန်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီက နိုင်ငံကူးလက်မှတ်လျှောက်ထားရေးရုံးမှာ ကွန်ပျူတာ အဆင့်မြှင့်တင်ဖို့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့စပြီး ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...