စစ်ကောင်စီ၏ ဘုရားသုံးဆူမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး မီးရှို့ခံရ

စစ်ကောင်စီ၏ ဘုရားသုံးဆူမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး မီးရှို့ခံရ

ကြာအင်းဆိပ်ကြီးမြို့နယ် ထိုင်းနှင့် မြန်မာနယ်စပ်တွင် ဖြတ်သန်းသွားလာမှုအပေါ် တရားမဝင်သည့် အခွန်များ ကောက်ခံနေသည့် ဘုရားသုံးဆူမြို့ရဲစခန်းကို ယနေ့ဖေဖော်ဝါရီလ ၂၅ရက် နံနက်ပိုင်းအချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ဝင်ရောက်တိုက်ခိုက်မှုကိုခံရပြီး ရဲစခန်းပါ မီးရှို့ခံခဲ့ရသည်ဟု မြို့ခံလူထုများထံမှ သိရ သည်။

နယ်စပ်ထိုင်းစစ်တပ်စခန်းနှင့် ကိုက် ၁ဝဝအနီးဝန်းကျင်တွင်သာရှိသည့် ဘုရားသုံးဆူမြို့မရဲစခန်းအား ယနေ့နံနက်ပိုင်း ၅ နာရီကျော်အချိန်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဝင်ရောက် တိုက်ခိုက် မီးရှို့သွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများကြောင့် နှစ်ဖက်ထိခိုက်သေးဆုံးမှုရှိသည်ဟု တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

“ရဲစခန်းမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး စခန်းမီးလောင်သွားတာ မြင်ရတယ်။ နှစ်နိုင်ငံ နယ်စပ် ဖြတ်သန်းမှုတွေကို ရဲစခန်းက တရားမဝင်အခွန်ကောက်နေတာ ကြာပါပြီး။ ရဲနဲ့ BGF ပူးပေါင်းနေကြတယ်။ ဒီမနက် BGF အဖွဲ့က အလောင်း ၄လောင်း ကားအမဲနဲ့ တပ်ကုန်းဘက် သယ်သွားတာ တွေ့လိုက်တယ်။ စက်ချုပ်အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန် ဒဏ်ရာရ သွားတယ်။ ဒီနေ့ဆိုင်တွေ ပိတ်ထားကြတယ်။ မြို့ပေါ်စစ်ဆေးမှုတွေ ရှိတယ်။”ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ဖေဖော်ဝါရီ ၂၅ရက်၊ ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

နှစ်ဖက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှ မြန်မာနယ်စပ်ဘက် (ချက်ပွိုင့်)ဆုံမှတ်နေရာမှ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းနှင့် စံခရပူရီအခြေစိုက် ထိုင်းနယ်ခြားတပ်စခန်း အပေါ်သို့ကျော်ကာ အရှေ့ဘက်ခြမ်းတွင် တည်ရှိသည့် စစ်ကောင်စီ၏ မြို့မရဲစခန်းဘက်သို့ လှမ်း၍ စစ်ကူပစ်ခတ်ပေးလျှက်ရှိသည်ဟုလည်း နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်အတွင်း နေထိုင်သူများထံမှ သိရသည်။

၎င်းပစ်ခတ်မှုနှင့်ပတ်သက်၍ နှစ်ဖက်ထိခိုက်မှု အခြေအနေအား ကေအိုင်စီအနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း စစ်ကောင်စီဘက်မှ နံနက် ၇နာရီဝန်းကျင်အချိန် တွင် ထိုင်း- မြန်မာနယ်စပ် ချက်ပွိုင့်ကုန်းမှတစ်ဆင့် BGF တံဆိပ်ဝတ်ဆင်ထားသည့် အလောင်းများအား ကားအနောက်ခန်းများတွင် တင်ဆောင်သွားပြီး ၎င်းတို့တပ်ကုန်းစခန်းဘက်သို့ ဦးတည်မောင်းနှင်သွားသည်ကို မြင်တွေ့ရသည်ဟု မြို့ခံလူထုများထံမှ သိရသည်။

ဘုရားသုံးဆူမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ကြရန် တော်လှန်ရေးအစုအဖွဲ့က သတိပေးထုတ်ပြန်ခဲ့ပြီးနောက် လဝက၊ စရဖ၊ ကြေးနန်းနှင့် ဆက်သွယ်ရေး၊ စည်ပင်၊ မြေစာရင်းဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဌာနရုံးတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ရက်ညတွင် မီးရှို့ခံခဲ့ရသေးသည်ဟု မြို့နေလူထုများထံမှ သိရ သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်အား မာရှယ်လော စစ်အုပ်ချုပ်ရေး နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည့်အပေါ် ဌာနေလူထုများအနေဖြင့် မြို့တွင်းသို့ ဒေသထွက်ကုန်များ သွားရောက်ရောင်းချမှု နည်းပါးသွားပြီး ညနေ ၆နာရီမှ နံနက် ၆နာရီအတွင်း အပြင်ထွက်သွားလာမှု ကန့်သတ်တားမြစ်လိုက် သည့်အတွက်လည်း မြို့ခံလူထု၏ စီးပွားရေးလုပ်ငန်း အများအပြား ရပ်နားထားလိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။

Most read this week

ပုံစာ - စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပျက်စီးသွားသည့် နေအိမ်များ။
September 12, 2026
ကရင်ပြည်၊ ဖာပွန် (မူတြော်) ခရိုင်၊ ကတိုင်တိကျေးရွာအုပ်စု၊ ထီးသဲလယ်ကျေးရွာအတွင်းသို့ စစ်အုပ်စုက...
CJ (ကျုံဒိုး-ကော့ကရိတ်လမ်း ပုံဟောင်း)
September 11, 2026
ကရင်ပြည်၊ ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတစ်လျှောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့ နေရာများတွင် အခိုင်အမာ...
September 11, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်သည့် ကော်သူးလေ (ကရင်ပြည်) နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊...
September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...