ရှင်ဗွေယန်ဒေသဘက်သို့ စစ်ကောင်စီမှ ဆန်နှင့်စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထား

ရှင်ဗွေယန်ဒေသဘက်သို့ စစ်ကောင်စီမှ ဆန်နှင့်စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထား

ကချင်ပြည်နယ်၊ ဟူကောင်းချိုင့်ဝှမ်း၊ ရှင်ဗွေယန်ဒေသဘက်ကို စစ်ကောင်စီက ဆန်နဲ့စက်သုံးဆီ အဝင်ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ရှင်ဗွေယန်ဒေသဘက်မှာရှိတဲ့ ရွှေမှော်တွေဘက်ကို အခြားစားသောက်ကုန်တွေ တင်ဆောင်ခွင့် ပိတ်ပင်ထားတာမရှိပေမဲ့ ဆန်နဲ့ စက်သုံးဆီကိုတော့ ကန့်သတ်ထားတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ ကုန်စိမ်းတွေ ကုန်ခြောက်တွေ နေ့တိုင်းတော့သွားတယ်။ ဒါပေမဲ့ ဆန်နဲ့ ဆီကိုတော့ မဝင်ခိုင်းဘူးတဲ့။တစ်ပတ်လောက်တော့ရှိလာပြီ။ရွှေမှော်ဘက်ကျတော့ ခလုံးမှာ တားတာ။”လို့ ဒေသခံက ဆိုပါတယ်။

တနိုင်းမြို့ကနေ ရှင်ဗွေယန်ဒေသကိုသွားတဲ့လမ်းက တရုံနဲ့ ခလုံးကျေးရွာမှာ စစ်ကောင်စီဂိတ်တွေရှိပြီး စစ်ကောင်စီအနေနဲ့ KIA တပ်တွေဆီ ရိက္ခာမရောက်ရှိစေရေးအတွက် ပြလုပ်တာဖြစ်ပေမဲ့ အခြေခံလူတန်းစားနဲ့ ပြည်သူလူထုတွေသာ အခက်အခဲကြုံတွေ့ရတယ်လို့ ဒေသခံကဆိုပါတယ်။

ဒါ့အပြင် ရှဒူးဇွပ်ပြည်သူ့စစ်ဂိတ်နဲ့ စစ်ကောင်စီဂိတ်တွေကနေ စက်သုံးဆီအဝင်ကန့်သတ်ထားတာကြောင့် တနိုင်းမြို့မှာ စက်သုံးဆီဆိုင်အများစု ပိတ်ထားရပြီး လက်ရှိအချိန်မှာတော့ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...