ရှင်ဗွေယန်ဒေသဘက်သို့ စစ်ကောင်စီမှ ဆန်နှင့်စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထား

ရှင်ဗွေယန်ဒေသဘက်သို့ စစ်ကောင်စီမှ ဆန်နှင့်စက်သုံးဆီ သယ်ယူခွင့် ပိတ်ပင်ထား

ကချင်ပြည်နယ်၊ ဟူကောင်းချိုင့်ဝှမ်း၊ ရှင်ဗွေယန်ဒေသဘက်ကို စစ်ကောင်စီက ဆန်နဲ့စက်သုံးဆီ အဝင်ကန့်သတ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။

ရှင်ဗွေယန်ဒေသဘက်မှာရှိတဲ့ ရွှေမှော်တွေဘက်ကို အခြားစားသောက်ကုန်တွေ တင်ဆောင်ခွင့် ပိတ်ပင်ထားတာမရှိပေမဲ့ ဆန်နဲ့ စက်သုံးဆီကိုတော့ ကန့်သတ်ထားတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ ကုန်စိမ်းတွေ ကုန်ခြောက်တွေ နေ့တိုင်းတော့သွားတယ်။ ဒါပေမဲ့ ဆန်နဲ့ ဆီကိုတော့ မဝင်ခိုင်းဘူးတဲ့။တစ်ပတ်လောက်တော့ရှိလာပြီ။ရွှေမှော်ဘက်ကျတော့ ခလုံးမှာ တားတာ။”လို့ ဒေသခံက ဆိုပါတယ်။

တနိုင်းမြို့ကနေ ရှင်ဗွေယန်ဒေသကိုသွားတဲ့လမ်းက တရုံနဲ့ ခလုံးကျေးရွာမှာ စစ်ကောင်စီဂိတ်တွေရှိပြီး စစ်ကောင်စီအနေနဲ့ KIA တပ်တွေဆီ ရိက္ခာမရောက်ရှိစေရေးအတွက် ပြလုပ်တာဖြစ်ပေမဲ့ အခြေခံလူတန်းစားနဲ့ ပြည်သူလူထုတွေသာ အခက်အခဲကြုံတွေ့ရတယ်လို့ ဒေသခံကဆိုပါတယ်။

ဒါ့အပြင် ရှဒူးဇွပ်ပြည်သူ့စစ်ဂိတ်နဲ့ စစ်ကောင်စီဂိတ်တွေကနေ စက်သုံးဆီအဝင်ကန့်သတ်ထားတာကြောင့် တနိုင်းမြို့မှာ စက်သုံးဆီဆိုင်အများစု ပိတ်ထားရပြီး လက်ရှိအချိန်မှာတော့ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Most read this week

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...