ဆားလင်းကြီးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ပစ္စည်းများကူညီပေးအပ်

ဆားလင်းကြီးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ပစ္စည်းများကူညီပေးအပ်

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများအား မီဖိုချောင်သုံးပစ္စည်းများကို ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီနှင့် ပြည်သူမှပြည်သူသို့ ပရဟိတ အဖွဲ့တို့မှ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ရက် ယမန်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ မီးဘေးသင့် ပြည်သူ ၃၀၇ဦးအား ဒန်အိုး ၊ ဒယ်အိုး ၊ စတီးဇလုံ ၊စတီးဇွန်း ၊ ကြွေအုပ်၊ စတီးချိုင့်တို့ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

“အချို့က ရွာပြန်မကပ်နိုင်ကြသေးဘူး ၊ အိမ်တွေပြန်မဆောက်နိုင်တဲ့ မိသားစုတွေလည်းရှိတယ် ၊ နေစရာအိမ်နဲ့ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပါတယ်” ဟု ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တစ်ဦး ကပြောသည်။

ထိုသို့ပေးအပ်ရာတွင် လူသားချင်းစာနာမှုအဖြစ် ပြည်သူများ စိတ်အားတက်စေရန် ရည်ရွယ်ပြီး တော်လှန်ရေးကာလဖြစ်သည့်အတွက် မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေရသော်လည်း အားမငယ်ကြရန်နှင့် ဆက်လက်ပြီး တောင့်ခံတော်လှန်ပေးကြရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူ ၂၁၀ ကို ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ နှင့် ပြည်သူမှပြည်သူသို့ ပရဟိတ ယခုကဲ့သို့ အကူအညီများပေးအပ်ခဲ့သေးသည်။

ယင်းသို့ပေးအပ်နိုင်ရန်အတွက် ပြည်တွင်း ၊ ပြည်ပမှ အလှူရှင် အချို့မှ ပါဝင်လှူဒါန်းခဲ့ကြောင်း သပိတ်ဦးဆောင်ကော်မတီဝင်ထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

Most read this week

ဓာတ်ပုံ - မဇ္ဈိမ / (ပုံစာ - ကရင်နီ တော်လှန်ရေး ရဲဘော်အချို့။)
September 12, 2026
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်အစပ်၊ မိုးဗြဲမြို့တွင် စက်တင်ဘာလ ၁၁ ရက်နေ့က စစ်အုပ်စုနှင့်...
မကွေးတိုင်း၊ မင်းလှမြို့နယ်ရှိ ရေနံမြေ မြင်ကွင်းတစ်ခုအား ၂၀၁၉ ခုနှစ် မတ်လ ၁၀ ရက်နေ့က တွေ့ရစဉ်။ (AFP)
September 11, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များကို စစ်အုပ်စုတပ်က မိုင်းခွဲဖျက်ဆီးခြင်းနှင့်...
September 11, 2026
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာဘောင်အား ပြုပြင်ပြီးနောက် ပြန်လည်ကျိုးပေါက်သွားခဲ့ရာ...
ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...