ဆားလင်းကြီးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ပစ္စည်းများကူညီပေးအပ်

ဆားလင်းကြီးမြို့နယ်အတွင်း မီးဘေးသင့်ပြည်သူများအား ပစ္စည်းများကူညီပေးအပ်

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများအား မီဖိုချောင်သုံးပစ္စည်းများကို ယင်းမာပင်၊ ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီနှင့် ပြည်သူမှပြည်သူသို့ ပရဟိတ အဖွဲ့တို့မှ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၂ရက် ယမန်နေ့တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာ ရှစ်ရွာမှ မီးဘေးသင့် ပြည်သူ ၃၀၇ဦးအား ဒန်အိုး ၊ ဒယ်အိုး ၊ စတီးဇလုံ ၊စတီးဇွန်း ၊ ကြွေအုပ်၊ စတီးချိုင့်တို့ကို ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

“အချို့က ရွာပြန်မကပ်နိုင်ကြသေးဘူး ၊ အိမ်တွေပြန်မဆောက်နိုင်တဲ့ မိသားစုတွေလည်းရှိတယ် ၊ နေစရာအိမ်နဲ့ စားနပ်ရိက္ခာ အခက်အခဲတွေရှိနေပါတယ်” ဟု ရွာပေါင်းစုံ သပိတ်ကော်မတီဝင်တစ်ဦး ကပြောသည်။

ထိုသို့ပေးအပ်ရာတွင် လူသားချင်းစာနာမှုအဖြစ် ပြည်သူများ စိတ်အားတက်စေရန် ရည်ရွယ်ပြီး တော်လှန်ရေးကာလဖြစ်သည့်အတွက် မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ကြုံတွေရသော်လည်း အားမငယ်ကြရန်နှင့် ဆက်လက်ပြီး တောင့်ခံတော်လှန်ပေးကြရန် တောင်းဆိုခဲ့ကြောင်း ဆိုသည်။

ဖေဖော်ဝါရီလ ၁၈ရက်နေ့ကလည်း ယင်းမာပင်မြို့နယ်ရှိ မီးဘေးသင့် ပြည်သူ ၂၁၀ ကို ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ နှင့် ပြည်သူမှပြည်သူသို့ ပရဟိတ ယခုကဲ့သို့ အကူအညီများပေးအပ်ခဲ့သေးသည်။

ယင်းသို့ပေးအပ်နိုင်ရန်အတွက် ပြည်တွင်း ၊ ပြည်ပမှ အလှူရှင် အချို့မှ ပါဝင်လှူဒါန်းခဲ့ကြောင်း သပိတ်ဦးဆောင်ကော်မတီဝင်ထံမှ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...