မတူပီမြို့တွင် ဆက်သွယ်ရေး ဖုန်းပြောမိနစ်ဈေးနှုန်း အဆမတန်မြင့်တက်နေ

မတူပီမြို့တွင် ဆက်သွယ်ရေး ဖုန်းပြောမိနစ်ဈေးနှုန်း အဆမတန်မြင့်တက်နေ

ချင်းပြည်နယ်တောင်ပိုင်း၊ မတူပိီမြို့တွင် (၃) လနီးပါး မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေကာ ကြိုးဖုန်းဖြင့် မိသားစုဝင်များနှင့် ဆက်သွယ်နေကြရပြီး ဖုန်းပြောမိနစ်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြုံရသည့်အပြင် လွတ်လပ်စွာ ဖုန်းပြောဆိုနိုင်ခြင်းမရှိသောကြောင်း ခက်ခဲများကြုံနေကြရသည်ဟု ခရီးဝေးရောက် မတူပီမြို့ခံတစ်ဦးက ပြောသည်။

“မိုဘိုင်းတော့မရဘူး၊ ကြိုးလိုင်းရတယ် (အိမ်ဖုန်း) ရှေးသရောအခါက ကြိုးဖုန်းတွေတော့ရတယ်၊ သူတို့ ခေါ်လိုက်တဲ့အချိန်မှာ ၅ မိနစ်လောက်တောင်မကြာဘူး ၁ထောင်ကျော်ကုန်သွားတယ်၊ နေကောင်းလား လောက်ပဲပြောလို့ရတယ်။ ကျန်တဲ့ဟာပြောလို့မရဘူး အခြေအနေဘယ်လိုရှိလဲမေးရင် မသိဘူးလို့ပဲပြောတာ မပြောရဲကြဘူး” ဟု မတူပီမြို့ခံတစ်ဦးက

ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်နေခြင်းမှာ ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းကြောင်းများပိတ်ထားခံရပြီး ဖုန်းတိုင်တို့တွင် ဒီဇယ်ဆီများ ပြတ်တောက်ရာမှ ဖုန်းလိုင်းပြတ်တောက်ခြင်းများ ကြုံလာကြရခြင်းဖြစ်သည်ဟု သိရသည်။ ထို့အပြင် မင်းတပ်မြို့တွင်လည်း မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခြင်းကြောင့် ဒေသခံပြည်သူများ ဖုန်းလိုင်းရှိသည့်နေရာအထိသွားရောက်ဆက်သွယ်အသုံးပြုနေရပြီး သတင်းအချက်အလက်ရရှိနိုင်ရန်အတွက် ဖုန်းလိုင်းများအရေးကြီးကြောင်း

မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

“အခုလည်း ဖုန်းလိုင်းရတဲ့နေရာလေးရောက်လို့ ပြောလို့ရတာ၊ရတဲ့နေရာကရတယ် မရတဲ့နေရာက တော်တော်များတယ်၊ ဒီမှာတော့ စုပြီးတော့မှ လိုင်းမိတဲ့နေရာက ဘယ်နားလေးလဲဆိုပြီးတော့ ပြောဆိုနေရတာ။ သွားရေးလာရေးအတွက် တအားခက်ခဲရှိတာပေါ့၊ မီဒီယာခေတ်ဆိုတော့ ပြောဆိုရတာက အင်တာနက်လိုင်း မရရင်တောင်မှ ဖုန်းလိုင်းက နေရာတကာရင်ကောင်းမှာ” ဟု မင်းတပ်မြို့ခံက ပြောသည်။ ချင်းပြည်နယ်တွင် ဟားခါးမြို့မှအပ ကျန်သည့်မြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ (၁) နှစ်ကျော်ကြာခဲ့ပြီဖြစ်ပြီး ယခုတွင်လည်း မတူပီမြို့၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် မိုဘိုင်းဖုန်း ဆက်သွယ်ရေးများ ပြတ်နေသည်မှာ (၃) လ နီးပါးရှိနေပြီဖြစ်သည်ဟု သိရသည်။

မိုဘိုင်းဆက်သွယ်ရေးဖုန်းလိုင်း ပြတ်တောက်နေသည့် မတူပီမြို့တွင် ဒေသခံပြည်သူများဖက်မှ ဆက်သွယ်လာရာမှ ဖုန်းပြောဆိုနိင်ပြီး ၎င်းကြိုးဖုန်းများကို နိုင်ငံရပ်ခြားမှ တိုက်ရိုက် ဖုန်းခေါ်ဆိုရာတွင်လည်း မရရှိသည့်အတွက် မိသားစုဝင်များနှင့် ဆက်သွယ်ပြတ်တောက်နေကြုရသည်ဟု မတူပီဒေသခံများထံမှ သိရသည်။

 

လက်ရှိတွင် မတူပီမြို့ခံများသည် ကြိုးဖုန်းများကို အဓိက ဆက်သွယ်အသုံးပြုနေရပြီး ကြိုးဖုန်း အရေအတွက်မှာ နည်းပါးလှသောကြောင့် မြန်မာ့ဆက်သွယ်ရေးတွင် ကြိုးဖုန်းများ ရရှိနိုင်ရန် လျောက်ထားသူဦးရေ များပြားလာကြောင်း သိရသည်။

May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...
May 18, 2026
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် ဖလမ်း- ဟားခါး လမ်းပိုင်း...
May 15, 2026
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယ-မြန်မာနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ရှိသော ကူကီး...