စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် နယ်မြေရှင်းလင်းရန်လာသော စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် နယ်မြေရှင်းလင်းရန်လာသော စစ်ကောင်စီတပ်သားများ ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရန်လာသော စစ်ကောင်စီတပ်သားများကို  Drone ဖြင့် ထပ်မံတိုက်ခိုက်ခံခဲ့ရကြောင်း HRS (Drone Force)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကမာစိုင်ရွာသစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင်ဖေဖော်ဝါရီလ ၁၉ရက်နေ့  ည ၈နာရီအချိန်တွင် သထုံဘက်မှ ဘီးလင်းမြို့နယ်ဘက်သို့မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို Hawk Revolutionary Squad (HRS)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်ရင်း (၂) တပ်ခွဲ (၃) ၊ PDFတပ်ခွဲ (၃) နှင့် ဘီးလင်း ပကဖ ပူးပေါင်းတပ်ဖွဲ့၏ မိုင်းဆွဲ တိုက်ခိုက်မှုနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့ထံမှ သိရသည်။

ထို့နောက် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင်တွင် တိုက်ခိုက်မှုဖြစ်ပွားရာနေရာသို့ နယ်မြေရှင်းလင်းရန်နှင့် ပျက်စီးကျန်ရစ်သော ကားနှစ်စီးအား ဆွဲရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နယ်မြေခံပူးပေါင်းတပ်ဖွဲ့များမှ  Drone ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိသော် လည်း အတိအကျမသိရှိရကြောင်း (HRS Drone Force)၏ ပြန်ကြားရေးတာဝန်ခံက ယခုလို ပြောသည်။

“၂၀ရက်နေ့ မနက်ပိုင်းမှာ မိုင်းဆွဲတဲ့နေရာကို နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်သားတွေကို Drone နဲ့ ထပ်ပစ်ခဲ့ တာပါ။ 60mm ဗုံးသီး 8 လုံး နဲ့ အပစ်ခံရတော့ သူတို့လက်နက်ငယ်တွေ လျှောက်ပစ်တယ်။ မနက် ၉နာရီကျော်မှာ သူတို့ရမ်းပစ်နေလို့ ဖြတ်သွားတဲ့ အရပ်သားကားတစ်စီးကိုထိ သွားပါတယ်။” ဟု ၎င်းက   ကေအိုင်စီသို့ ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်သားများ၏ သေနတ်ဖြင့်ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သားကားတစ်စီးနှင့် အရပ် သားတစ်ဦး ကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်းလည်း Hawk Revolutionary Squad က ဆိုသည်။

စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ပြီးနောက်တွင် ၎င်းလမ်းပိုင်းအား  ယခင်ကထက် ကင်းပုန်းချ နေရာယူထားကာ လုံခြုံရေး ပိုတိုးမြှင့်ထားပြီး လက်နက်ကြီးများလည်း ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေကြောင်း အနီးအနားဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

“ဘီးလင်းနဲ့သထုံမြို့တွေက အထိုင်တပ်ရင်းတွေက အဓိကပေါ့။ နောက်ပြီး လမ်းပိုင်းတစ်လျှောက်မှာ လမ်းကင်း၊ ကင်းပုန်းချတာမျိုးတွေပိုရှိနေတယ်။ သူတို့အရေးကြီးတဲ့လမ်းကြောင်းရှိတဲ့အချိန်မျိုး ဆိုရင်ထိတွေ့မှုမရှိဘဲ လက်နက်ကြီးတွေရမ်းသမ်းပစ်နေတော့တာပဲ။”ဟု ထိုပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း သထုံမြို့နယ်ရှိ အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်းအမှတ် (ခမရ-၉)၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုကြောင့်  မိချောင်းအိုင်ရွာရှိ ဘုန်းကြီးကျောင်းကိုထိမှန်၍ ဃံဃာ ၃ ပါး ထိခိုက်ဒဏ်ရာရပြီး သိမ်တော်အဆောက်အဦးလည်း ပျက်စီးခဲ့သေးသည်။

Most read this week

September 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ...
ဖားအံမြို့အတွင်း စစ်ဆေးမှုများ ပြုလုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ
September 14, 2026
ကရင်ပြည်၊ ဖားအံမြို့တွင် ယခု စက်တင်ဘာလအတွင်း စီမံချက်ဖြင့်ဆိုကာ ပြည်နယ် စစ်အုပ်စုတပ်က...
ဓာတ်ပုံ - KIC
September 14, 2026
ကရင်ပြည်၊ ဖာပွန်ပြည်မြို့ (ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅)၊ မူတြော်ခရိုင်) ထဲသို့...
မြဝတီမြို့တွင် မော်တော်ယာဉ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မီးလောင်ပျက်စီးသွားသည့် မြင်ကွင်း / Crd
September 14, 2026
ကရင်ပြည်၊ မြဝတီမြို့ပေါ်ရှိ မြို့မရဲစခန်းဘေးလမ်းနှင့် မြေနီကုန်းလမ်းဆုံ...