တပ်ခွဲမှူး ၁ ဦးပါဝင်တဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့ KA ထုတ်ပြန်

တပ်ခွဲမှူး ၁ ဦးပါဝင်တဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိထားတယ်လို့ KA ထုတ်ပြန်

ကရင်နီပြည် နယ်စပ်တစ်နေရာကို ရိက္ခာပို့ဆောင်ဖို့သွားနေတဲ့ စစ်ကောင်စီ တပ်ကို ဒီကနေ့ ( ဖေဖော်ဝါရီလ ၁၉ ) မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ခွဲမှူး ၁ဦးအပါအဝင် စုစုပေါင်းတပ်သား ၅ ဦးကို လက်နက်တွေနဲ့အတူ အရှင်ဖမ်းမိထားတယ်လို့ ကရင်နီတပ်မတော် ( KA ) က ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေမှာ စစ်ကောင်စီတပ်ရဲ့ MA လက်နက်မျိုးစုံ(၁၀)လက်နဲ့ ကျည်ဆံ၊ ခဲယမ်းတွေဖြစ်ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ ၆ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။ KA ၊ KNDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အင်အား ( ၃၀ ) ခန့်နဲ့ နယ်စပ် BP-12 ဘက်ကို ရိက္ခာ၊ လက်နက်ခဲယမ်းတွေ ပို့ဆောင်ဖို့သွားနေတဲ့ စစ်ကောင်စီ ခလရ ( ၅၄ ) တပ်ကို ဟွေ့မာကော်နဲ့ ဟွေခွန်းမောင်းဆိုတဲ့ ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာလည်း ရှမ်းပြည်တောင်ပိုင်း Southern Shan State ( SSS ) စခန်းကို ဖြတ်ပြီး ရိက္ခာပို့ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကိုလည်း ဖြတ်တိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာ တချို့ရခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း နယ်စပ်က စစ်ကောင်စီစခန်းတွေကို လက်နက်ပို့ဆောင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ဟွေဟမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ် အင်အား ( ၂၀၀ ) ဝန်းကျင်ဟာ ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေးယူထားပြီး ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ Southern Shan State ( SSS ) ရဲ့ နယ်မြေကို အသုံးပြုပြီး နယ်စပ်စခန်းတွေကို ပွင့်လင်းရာသီတွေမှာ ရိက္ခာပို့ဖို့ကြိုးစားနေတယ်လို့ ကရင်နီတပ်မတော် ( KA )က ပြောဆိုပါတယ်။

Most read this week

December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...