ကသာ၊ အင်းတော်၊ ဗန်းမောက် ဒေသများတွင် အလွန်အကျွံ သစ်ခိုးထုတ်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

ကသာ၊ အင်းတော်၊ ဗန်းမောက် ဒေသများတွင် အလွန်အကျွံ သစ်ခိုးထုတ်နေမှုကို ရပ်တန့်ပေးရန် ဒေသခံများတောင်းဆို

ကသာခရိုင် အင်းတော်နှင့် ဗန်းမော်မြို့နယ်တွင် တရုတ်နှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ ကျွန်းသစ် အလွန်အကျွံ ခိုးထုတ်နေသဖြင့် ရပ်တန့်ပေးကြရန် ဒေသခံပြည်သူများ တောင်းဆိုနေကြသည်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ခန့်အကြာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ဗန်းမောက်မြို့နယ်တောင်းပိုင်းရှိ သစ်တောကြိုးဝိုင်းများ၊ ဗန်းမောက်မြို့နယ်ပိုင်းရှိ မဲတော၊ ပန်းတော၊ မန်ကပ်တော၊ ခေါင်းသစ် စသည့်သစ်တောကြိုးဝိုင်းများနှင့် အင်တော်မြို့နယ် အရှေ့ဘက်ခြမ်း ရွာဟောင်း၊ ဂဟဲနေရာများ၊ ဗန်းမောက်မြို့နယ်အစပ် အင်းတော်ဘက်ခြမ်း စသည့် နေရာတို့တွင် သစ်အလွန်အကျွံ ခိုးထုတ်နေသည်ဟု အင်းတော်ဒေသခံတစ်ဦး KNG ကို ပြောသည်။

“အင်းတော်မြို့နယ်မှာ ကျွန်းသစ်တွေတောင် မရှိသလောက်ကုန်ပြီ။ အခုဗန်းမောက်ဘက်က အများပိုင်း ခိုးထုတ်နေကြတယ်။ အင်းတော်မှာတော့ မရှိတော့ဘူး။ သူတို့က အဲ့သစ်တွေကို တရုတ်ပြည်ဘက်ကို ပို့တာ။ ပြီးရင်သူတို့က တောတဲမှာ သစ်စက်ကြီးတွေနဲ့ ထောင်ပြီး လုပ်တာ။ သစ်အခွံတွေကိုဖင်ပြီးတော့ အတုံးလိုက်တင်ပို့တာ ၁၂ ဘီးကားကြီးတွေနဲ့ ပို့နေကြတာ။ အဲ့ဒီတရုတ်တွေက မြန်မာစကားတောင်မပြောတတ်ဘူးလာကြတာ”ဟု ပြောသည်။

အင်းတော်နှင့် ဗန်းမောက်မြို့နယ်တွင် ခိုးထုတ်သည့် ကျွန်းသစ်များကို ဗန်းမောက်မှ အင်းတော်၊ အင်းတော်မှ ကသာ၊ ကသာမှ မံစီနှင့် ချောင်းဝမှ ရွှေကူလမ်းဘက် တောလမ်းအတိုင်း တရုတ်ပြည်သို့ တင်ပို့မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ နေရာဒေသများသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နယ်မြေထိန်းချုပ်ထားသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် တရားမဝင်ကျွန်းသစ်များကို စနစ်တကျ တာဝန်ယူဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံပြည်သူများက တောင်းဆိုထားသည်။

”အခုလိုမျိုး ကျွန်းသစ်တွေ ခိုးထုတ်နေတာမလိုလားဘူး။ ပြီးတော့ဒီမှာက NUG အစိုးရကအပြည့်အဝ စိုးမိုးထားတဲ့ နယ်လို့ပြောလို့ရတယ်။ အဲ့ကျွန်းသစ်တွေက စစ်ကောင်စီကို အခွန်မပေးဘူး။ ဒီတိုင်းတောလမ်းအတိုင်းခိုးထုတ်နေတာ။ အဲ့ကြောင့် NUG အစိုးရအနေနဲ့အောက်ခြေမှာ ဖြစ်တာတွေကို တာဝန်ယူဆောင်ရွက်ပေးစေချင်တယ်”ဟုနောက်ထပ် အင်းတော် ဒေသခံတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် မြန်မာနိုင်ငံအတွင်း ယခုကဲ့သို့ တရားမဝင် ကျွန်းသစ်ခိုးထုတ်မှုများ ပိုမိုများပြားလာသည့်အပြင် တရားမဝင် ရွှေတူးဖော်မှုလည်း အများအပြားရှိနေဆဲ ဖြစ်သည်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...