KNU ၏ သူးလေထီ ဆုကြေး ပြောင်းလဲသတ်မှတ်

KNU ၏ သူးလေထီ ဆုကြေး ပြောင်းလဲသတ်မှတ်

ကရင်အမျိုးသားအစည်းအရုံး( KNU )စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန၏ လက်အောက်မှ လှုပ်ရှားနေသော စီမံကိန်းတစ်ခုဖြစ်သည့် သူးလေထီသည် ပြီးခဲ့သည့် (၁၀) ကြိမ်မြောက်မှစ၍ ဆုကြေးများ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

ယခင်ကထီရောင်းရနှုန်း၏ ၃၅ ရာခိုင်နှုန်းအား ပထမဆု၊ ၁၅ ရာခိုင်နှုန်းအား ဒုတိယဆုအဖြစ် သတ်မှတ်ပြီး ဆုနှစ်ဆုသာ ပေးခဲ့ရာမှ ပြီးခဲ့သည့် (၁၀) ကြိမ်မြောက်မှစ၍ ပထမဆု သိန်း ၁၀၀ကျပ်တစ်ဆု၊  ဒုတိယဆု ၁၀ သိန်းကျပ်သုံးဆုနှင့် တတိယဆု ငါးသိန်းကျပ် ငါးဆု စုစုပေါင်း ဆု ကိုးဆုအဖြစ် ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

"အရင်က ၅၀ ရာခိုင်နှုန်းကို KNU၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို ဆုကြေးလို့ပေးတာ။ အခုတော့ ဆုကြေး အတိအကျသတ်မှတ်လိုက်တယ်။ ဆုတွေလည်းတိုးထားတယ်။" ဟု သူးလေထီမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

သူးလေထီအား ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ ရောင်းချခဲ့ခြင်းဖြစ်ပြီး ထီရောင်းရမှုနှုန်းသည် အမေရိက၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ဩစတြေးလျ စသည့်နိုင်ငံများတွင် ယခင်ကထက် ရောင်းအား ပို၍သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။

ယခင်က သူးလေထီအား အွန်လိုင်းစနစ်ဖြင့်သာ ရောင်းချခဲ့ရာမှ (၅)ကြိမ်မြောက်မှ စတင်၍ အွန်လိုင်းစနစ်အပြင် ထီစာရွက်ဖြင့်ပါ တိုးမြှင့်ရောင်းချနိုင်ခဲ့ပြီး ထီကိုယ်စားလှယ်များပါ ခေါ်ယူသည်အထိ သူးလေထီကွန်ရက်ကျယ်ပြန့်လာကြောင်း သူးလေထီ၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးထံမှ သိရသည်။

သူးလေထီသည် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ လက်အောက်တွင် လည်ပတ်နေသော စီမံကိန်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလမှစတင်၍ KNU ထိန်းချုပ်နယ်မြေများရှိ ကျေးရွာများအတွင်း သူးလေထီမိတ်ဆက်ပွဲများ ပြုလုပ်ကြောင်း သိရသည်။

စာတည်း- သန့်ဇော်(သန်လျင်)

Most read this week

July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...
July 27, 2026
အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ...