စစ်ကောင်စီ ရေစကြို တပ်စခန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးထက်မနည်းသေဆုံး

စစ်ကောင်စီ ရေစကြို တပ်စခန်း တိုက်ခိုက်ခံရ၊ ၁၅ ဦးထက်မနည်းသေဆုံး

ရေစကြိုမြို့က စစ်ကောင်စီ တပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၁၅ ဦးထက်မနည်း ထိခိုက် သေ ဆုံးမှုရှိသည်ဟု Myingyan Black Tiger အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မကွေးတိုင်း၊ ရေစကြိုမြို့၊ အမှတ် ၄၊ ဖောင်တော်ဦးရပ်ကွက်က စစ်ကောင်စီ တပ်စခန်းတစ်ခုဖြစ်သည့်ငြိမ်း ဇာ နည် တပ်စခန်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင် အချိန်ကဝင်ရောက်တိုက်ခိုက်ခံခဲ့ရပြီး စစ် ကောင်စီ တပ်သားများ သေဆုံးမှုရှိခဲ့ခြင်း ဖြစ်သည်။

Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က “သူတို့တွေ မြို့ပေါ်ကနေ စစ်ကူလာတယ်။ သူတို့ လာတဲ့ လမ်းမှာလည်း ပွိုင့်တွေ ခင်းထားတယ်။ ဒါပေမယ့် ရပ်ကြည့်နေတဲ့ ပြည်သူတွေရှိနေလို့ မဖောက်ခွဲခဲ့ရဘူး။ စခန်း သိမ်းနိုင်မယ့် အခြေအနေနဲ့ လွဲချော်ခဲ့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီ တပ်စခန်းကို နာရီဝက်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် ရေစကြိုမြို့ပေါ်က စစ်သားများ စစ်ကူရောက် လာသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် တပ်ဆုတ်ခဲ့ရသည်ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောသည်။

စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ တပ်စခန်းထဲတွင် စက်ကလေး သမား တစ်ဦးသာ ကျန်ခဲ့သော်လည်း တိုက်ပွဲအချိန် ကြာလာသည်နှင့်အမျှ လက်နက်အင်အားလျော့နည်း လာခြင်း ကြောင့် စခန်းမသိမ်းနိုင်ဘဲ တပ်ဆုတ်ခဲ့ရသည်ဟုလည်း ဗိုလ်မိုက်ခဲက ပြောသည်။

ထို့နောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ချင်းတွင်းမြစ်ကို ဖြတ်ကာ ဆုတ်ခဲ့ကြရပြီး စစ်ကူထပ်ရောက်လာ သည့် စစ်ကောင်စီတပ်သားများက ကုန်းပေါ်မှ ပြန်ပစ်ခတ်ခဲ့ခြင်းကြောင့် ထိုနေရာတွင်လည်း ထပ်မံ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်း သေဆုံးသည်ဟုလည်း မြေပြင်သတင်းများ အရ သိရှိရသည်ဟု Myingyan Black Tiger အဖွဲ့တာဝန်ရှိသူက ပြောသည်။

ထိခိုက်သေဆုံးသွားသူများကို ဖြူစင်မေတ္တာ ပရဟိတကားနှင့် သုံးကြိမ်ခန့် သယ်ဆောင်သွားသည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ရေစကြိုမြို့နယ်သည် မကွေးတိုင်းထဲက စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များထဲတွင် မပါသော်လည်း မြေပြင်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား မကြာခဏ ပစ်ခတ်မှုများ၊ တိုက်ခိုက်ခံရ မှုများ ဖြစ်ပွားနေသည့် မြို့နယ်ဖြစ်သည်။

Most read this week

September 18, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် အရေးပေါ် ဆေးကုသခွင့်တောင်းဆိုမှုကို...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...
September 17, 2026
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာသူ...
September 17, 2026
ကချင်ပြည်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ကချင်လွတ်...