ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

သျှမ်းပြည် နမ့်စန်ခရိုင် ၊ ကာလိမြို့တွင်ရှိသည့် ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည့်သူများကို ထပ်မံလက်ခံနေကြောင်း သိရှိရသည်။

အဆိုပါ ကောလိပ်တွင် နောက်လ မတ် – ၁၅ ရက်နေ့ထိ ကျောင်းသားသစ်များကို ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ရှမ်းကွန်မြူနတီကောလိပ်သို့ ဝင်ရောက်တက်ချင်သူများကို အင်္ဂလိပ် အရည်ချင်းကို အဓိက စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ပထမတစ်သုတ်ကတော့ လက်ခံပြီးသွားပြီ။ အခုက အစိုးရကျောင်း ၁၀ တန်းဖြေထားတဲ့သူတွေကလည်း ထပ်လက်ခံပေးဖို့ တောင်းဆိုထားတဲ့ အတွက်ကြောင့် ထပ်ဖွင့်ပေးထားတာ။ ဒီ Pre-Course Program ကို ဝင်ချင်တယ်ဆိုရင်တော့ အဝင်စာမေးပွဲအနေနဲ့ အင်္ဂလိပ် အရည်းအချင်းတွေစစ်မယ်။ ပြီးတော့ ရိုးရာဓလေ့တွေ၊ သျှမ်းစကားတွေကို မေးမြန်းသွားမှာပါ” ဟု ရှမ်းကွန်မြူနတီကောလိပ် ဥက္ကဌ နန်းဟျှိုးဆိုင်က ပြောသည်။

ရှမ်းကွန်မြူနတီကောလိပ်မှ Pre- Course Program ကို မတ်လ ၂ -၃ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် အဝင်စာမေးပွဲကို မေးမြန်းသွားမှာဖြစ်ပြီး အောင်မြင်သူများကို ၁၅ ရက်တွင် ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ကြောင်းသိရသည်။

ထိုအပြင် သျှမ်းစကား မကျွမ်းကျင်သူများလည်း လျောက်ထားနိုင်ပြီး စာမေးပွဲကို အောင်ပါက သျှမ်းဘာသာသင်ကြားပေးသွားမည်ဖြစ်ကြောင်း နန်းဟျှိုးဆိုင်က ပြောသည်။

လက်ရှိ Pre-Course Program တွင် အင်္ဂလိပ်ဘာသာစကား၊ သျှမ်းဘာသာစကား ၊ မိမိကိုယ်ကိုယ် အရည်ချင်းမြှင့်တင်ရေးသင်တန်း နှင့် ဓလေ့ ရိုးရာတွေကို (၅) လသာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Pre-Course Program တွင် ၅ လသာ ကာလအတွင်း Scholarship (ပညာသင်ဆု) ရှိမှာမဟုတ်ကြောင်း အကယ်၍ Pre-Course Program ကို အောင်မြင်၍ ပထမနှစ် စတင်တက်ချိန်တွင် ငွေကြေးမတက်နိုင်သူများအတွက် Scholarship (ပညာသင်ဆု) ရှိထားကြောင်း နန်းဟျှိုးဆိုင်က ထပ်လောင်းပြောသည်။

“Pre-Course Program မှာတော့ ပညာသင်ဆုတော့မရှိသေးဘူး။ တကယ်လို့ Pre-Course Program ကိုအောင်မြင်ပြီးရင် ပထမနှစ် စတက်တဲ့ချိန်မှာတော့ ငွေကြေးမတက်နိုင်တဲ့ သူတွေအတွက်တော့ ပညာသင်ဆုရှိတယ်။ ရှမ်းကွန်မြူနတီကောလိပ်က တက္ကသိုလ်တော့ ၃ နှစ်တက်ရမှာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရှမ်းကွန်မြူနတီကောလိပ် Pre-Course Program သည် Social Science Major ကို သင်ကြားပေးပြီး ထိုင်းနိုင်ငံ ချင်းရိုင်းတက္ကသိုလ်သို့ B.A English for international Communication ဘွဲ့ရလိုသူများက တက်ရောက်နိုင်ကြောင်း သိရသည်

Most read this week

ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...