ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည်သူများ ထပ်မံလက်ခံ

သျှမ်းပြည် နမ့်စန်ခရိုင် ၊ ကာလိမြို့တွင်ရှိသည့် ရှမ်းကွန်မြူနတီကောလိပ်မှ Pre-Course Program ဝင်ရောက်မည့်သူများကို ထပ်မံလက်ခံနေကြောင်း သိရှိရသည်။

အဆိုပါ ကောလိပ်တွင် နောက်လ မတ် – ၁၅ ရက်နေ့ထိ ကျောင်းသားသစ်များကို ဆက်လက် လက်ခံသွားမည်ဖြစ်ပြီး ရှမ်းကွန်မြူနတီကောလိပ်သို့ ဝင်ရောက်တက်ချင်သူများကို အင်္ဂလိပ် အရည်ချင်းကို အဓိက စစ်ဆေးသွားမှာဖြစ်ကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ ပထမတစ်သုတ်ကတော့ လက်ခံပြီးသွားပြီ။ အခုက အစိုးရကျောင်း ၁၀ တန်းဖြေထားတဲ့သူတွေကလည်း ထပ်လက်ခံပေးဖို့ တောင်းဆိုထားတဲ့ အတွက်ကြောင့် ထပ်ဖွင့်ပေးထားတာ။ ဒီ Pre-Course Program ကို ဝင်ချင်တယ်ဆိုရင်တော့ အဝင်စာမေးပွဲအနေနဲ့ အင်္ဂလိပ် အရည်းအချင်းတွေစစ်မယ်။ ပြီးတော့ ရိုးရာဓလေ့တွေ၊ သျှမ်းစကားတွေကို မေးမြန်းသွားမှာပါ” ဟု ရှမ်းကွန်မြူနတီကောလိပ် ဥက္ကဌ နန်းဟျှိုးဆိုင်က ပြောသည်။

ရှမ်းကွန်မြူနတီကောလိပ်မှ Pre- Course Program ကို မတ်လ ၂ -၃ ရက်နေ့တွင် အွန်လိုင်းမှ တစ်ဆင့် အဝင်စာမေးပွဲကို မေးမြန်းသွားမှာဖြစ်ပြီး အောင်မြင်သူများကို ၁၅ ရက်တွင် ကျောင်းသို့ ရောက်ရှိရမည်ဖြစ်ကြောင်းသိရသည်။

ထိုအပြင် သျှမ်းစကား မကျွမ်းကျင်သူများလည်း လျောက်ထားနိုင်ပြီး စာမေးပွဲကို အောင်ပါက သျှမ်းဘာသာသင်ကြားပေးသွားမည်ဖြစ်ကြောင်း နန်းဟျှိုးဆိုင်က ပြောသည်။

လက်ရှိ Pre-Course Program တွင် အင်္ဂလိပ်ဘာသာစကား၊ သျှမ်းဘာသာစကား ၊ မိမိကိုယ်ကိုယ် အရည်ချင်းမြှင့်တင်ရေးသင်တန်း နှင့် ဓလေ့ ရိုးရာတွေကို (၅) လသာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Pre-Course Program တွင် ၅ လသာ ကာလအတွင်း Scholarship (ပညာသင်ဆု) ရှိမှာမဟုတ်ကြောင်း အကယ်၍ Pre-Course Program ကို အောင်မြင်၍ ပထမနှစ် စတင်တက်ချိန်တွင် ငွေကြေးမတက်နိုင်သူများအတွက် Scholarship (ပညာသင်ဆု) ရှိထားကြောင်း နန်းဟျှိုးဆိုင်က ထပ်လောင်းပြောသည်။

“Pre-Course Program မှာတော့ ပညာသင်ဆုတော့မရှိသေးဘူး။ တကယ်လို့ Pre-Course Program ကိုအောင်မြင်ပြီးရင် ပထမနှစ် စတက်တဲ့ချိန်မှာတော့ ငွေကြေးမတက်နိုင်တဲ့ သူတွေအတွက်တော့ ပညာသင်ဆုရှိတယ်။ ရှမ်းကွန်မြူနတီကောလိပ်က တက္ကသိုလ်တော့ ၃ နှစ်တက်ရမှာ” ဟု ၎င်းက ပြောသည်။

အဆိုပါ ရှမ်းကွန်မြူနတီကောလိပ် Pre-Course Program သည် Social Science Major ကို သင်ကြားပေးပြီး ထိုင်းနိုင်ငံ ချင်းရိုင်းတက္ကသိုလ်သို့ B.A English for international Communication ဘွဲ့ရလိုသူများက တက်ရောက်နိုင်ကြောင်း သိရသည်

Most read this week

December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...