၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံး၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံး

၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်းသေဆုံး၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ဘက်က ၃ ဦး ကျဆုံး

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်မတော် CNA ဦးဆောင်သော ချင်းပူးပေါင်း ကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်း သေဆုံးပြီး ချင်းကာကွယ်ရေး တပ်ဖွဲ့ဘက်က ၃ ဦးကျဆုံးခဲ့သည်ဟု သိရသည်။

Chin National Army (CNA) ဦးဆောင်သော ချင်းပူးပေါင်းကာကွယ်ရေး တပ်ဖွဲ့နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့သည် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်ဒေသနှင့် ထန်တလန်မြို့နယ် တို့တွင် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားခဲ့ကြသည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်သည်။

CNA ၏ တပ်မဟာ ၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့် ရေဇွာမြို့အကြား ဇိုတုန်ဒေသအတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က အင်အား ၁၃၀-၁၅၀ အကြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို CNA နှင့်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသော CDF-Matupi, CDF-Zotung, CDF-

Mara တို့မှ ၆ ရက်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦးထက်မနည်း သေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CNA ၏ တပ်မဟာ ၃ နယ်မြေအတွင်းရှိ ထန်တလန်မြို့တွင် CNA နှင့် CDF-Thantlang တပ်ဖွဲ့တို့မှ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်ကောင်စီတပ်သားနှင့် ရဲ ၆ ဦးကို လက်နက်များနှင့်တကွ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက် ဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း CNA တပ်မဟာ ၄ နယ်မြေအတွင်းရှိ လိုင်သွီးကျေးရွာအနီး၌ ရိက္ခာသယ်ယူနေသော CNA နှင့် CDF-Hualngoram ရဲဘောများကို စစ်ကောင်စီ၏ လက်ပါးစေ ZRA မှ ချုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ZRA ရဲဘော်တစ်ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNF က ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့မှ တိုက်လေယာဉ်နှင့် စစ်ရဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ပစ်ခတ်ခဲ့ပြီး လက်ရှိတွင်လည်း ဟားခါးမြို့ ဗျူဟာကုန်းမှလည်း ထန်တလန်ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်လျက်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင်ဖြစ်ပွားသည့် ယင်း ၁၀ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက် အလက် ၅၀ ကျော်နှင့် ခဲယမ်းအမြောက်အများ သိမ်းယူနိုင်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း CNA ရဲဘော် ၂ ဦးဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၃ ဦး ချင်းပြည်နှင့် ချင်းအမျိုးသားများ ကိုယ်ပိုင်ပြဌာန်းရရှိရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည်ဟု CNF က ထုတ်ပြန်ထားသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...