လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ်ထိန်းသိမ်းရန် KNU ထံ စစ်ကောင်စီစာပို့

လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ်ထိန်းသိမ်းရန် KNU ထံ စစ်ကောင်စီစာပို့
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်

ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် လက်အောက်ခံတပ်ဖွဲ့ဝင်များကို ကြပ်မတ် ထိန်းသိမ်းရန် စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းကော်မတီက KNU ထံ စာပို့ အကြောင်းကြားခဲ့သည်။

အကြောင်းကြားစာတွင် KNU ဥက္ကဌကြီးနှင့် စစ်ဦးစီးချုပ်တို့အပါအဝင် ဗဟိုကော်မတီဝင်များအနေဖြင့် ကျိုးကြောင်းဆီလျော်ပြည့်စုံစွာ စဥ်းစားသုံးသပ်၍ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့များအား အဖျက်လုပ်ရပ်များ လုပ်ဆောင်မှုမပြုရေး၊ မည်သည့်လုပ်ရပ်မျိုးကိုပြုလုပ်သည်ဖြစ်စေ ပြည်သူလူထုအကျိုးကို လက်တွေ့ကျကျ မျှော်တွေးသုံးသပ်ဆောင်ရွက်ဖို့ ပါရှိသည်။

KNU အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းဖြစ်သည့်အားလျော်စွာ လက်အောက်ခံ တပ်မဟာများ၊ KNDO အဖွဲ့များမှ PDF များနှင့် ပူးပေါင်း၍ စစ်ကောင်စီတပ်၊ ရဲတပ်ဖွဲ့တို့ တိုက်ခိုက်မှုများအပေါ်  ငြိမ်းချမ်းရေး မထိခိုက်စေ‌ရေးအတွက် တိုက်ခိုက်လာသည့်အဖွဲ့ကိုသာ တုံ့ပြန် တိုက်ခိုက်ခဲ့သော်လည်း ကျေးရွာများအား ဝင်ရောက်ပစ်ခတ်ခြင်း၊ ဌာနဆိုင်ရာရုံးများအား မီးရှို့ ဖျက်ဆီးခြင်း၊ လမ်း/တံတားများအား မိုင်းဖောက်ခွဲဖျက်ဆီးသည့် လုပ်ရပ်များ လက်ခံနိုင်ဖွယ် မရှိကြောင်းလည်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။

KNU အား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းနေမှုကနေ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပြန်လည်ပါဝင်လာရန် စည်းရုံးသည့် သဘောဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

“အဲဒီတော့ ရည်ရွယ်ချက်ကတော့ အခု NUG နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ KNU, KIA တို့ကို  NUG  ကနေပြီးတော့ ခွဲထွက်ပြီးတော့ သူတို့နဲ့ အရင်တုန်းက လုပ်ခဲ့တဲ့ NCA စာချုပ်အတိုင်း ဆက်လက်ပြီးရပ်တည်လာနိုင်ဖို့  ဆွဲဆောင်စည်းရုံးနေတာလို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ” ဟု ပြောသည်။

KNU လက်အောက်ခံ တပ်ဖွဲ့များနှင့် PDF များသည် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့အထိ လမ်းတံတား၊ တာဝါတိုင်၊ အဆောက်အအုံများကို ဗုံး၊ လက်နက်ကြီး/ငယ်တို့ဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းကို ကရင်ပြည်နယ်တွင် ၁၁၆ ကြိမ်၊ မွန်ပြည်နယ်တွင် ၃၁၇ ကြိမ်၊ ပဲခူးတိုင်းတွင် ၆၆၂ ကြိမ်၊ စုစုပေါင်း ၁၀၉၅ ကြိမ် လုပ်ဆောင်ခဲ့သည်ဟုလည်း စစ်ကောင်စီ အကြောင်းကြားစာတွင် ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၀၈ ဖွဲ့ စည်းပုံ ဘောင်အတွင်းမှ တွက်ပေါ်လာသည့် NCA အား လက်မခံပဲ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများနှင့် ပူး‌ပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်လျှက်ရှိသည်။

Most read this week

December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...