ဘုန်းကြီးကျောင်းကား တိုက်ခိုက်ခံရမှု ရေဖြူ PDF တောင်းပန်

ဘုန်းကြီးကျောင်းကား တိုက်ခိုက်ခံရမှု ရေဖြူ PDF တောင်းပန်
တိုက်ခိုက်ခံရသည့် မော်တော်ယာဉ်
တိုက်ခိုက်ခံရသည့် မော်တော်ယာဉ်

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ၂၇ မိုင်နှင့် နှမ်းကျဲရွာကြား ရာဖူးရွာသစ်ကျောင်း ဆရာတော်ကား ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး ရေဖြူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း ယင်းအပေါ် ဝန်ချတောင်းပန်ကြောင်း ထုတ်ပြန်သည်။

ရာဖူးရွာသစ်ကျောင်းဆရာတော်နှင့် ယာဉ်မောင်းအပါဝင် ခရီးသည် ရှစ်ဦးလိုက်ပါလာသည့်ကားကို ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်။

ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ဖေဖော်ဝါရီ ၈ ရက်နေ့ ထုတ်ပြန်ထားချက်မှာတော့ ဖေဖေါ်ဝါရီ ၆ ရက်နေ့က အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သားများ လိုက်ပါစီးနင်းလာသည့် ဟိုင်းဂျက်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ထိုကား ၂ စီးကြား ပြည်သူများလိုက်ပါလာသည့်ကား ကြားဝင်မောင်းနှင်လာသည်ကို လုံးဝမသိဘဲ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ပါရှိသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးမှ ပြည်သူများ လိုက်ပါလာသည့်ကားဖြစ်ကြောင်းသိရှိခဲ့ပြီး ကူညီဆောင်ရွက်ပေးချင်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် နီးစပ်ရာဆေးရုံနှင့် အရေးပေါ်ကယ်ဆယ်ရေးကားများကို ဖုန်းဆက်အကြောင်းကြားပြီး ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ပြောဆိုထားသည်။

ဖြစ်စဉ်အတွင်းပါဝင်သူမျးအားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါကြောင်း နှင့် နောက်နောင်တွင် ထိုသို့ကိစ္စရပ်မျိုးမဖြစ်ပွဦးရန်နှင့် တော်လှန်ရေးအမြန်ဆုံးပြီးမြောက်ရန် အကောင်းဆုံး လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရာဖူးရွာသစ် ဘုန်းကြီးကျောင်းကား တိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ပြောဆိုထားသော်လည်း ဒေသခံတို့က ကားတွင် လက်နက်ငယ်ကျည်ဆံရာများသာ တွေ့ရသည်ဟု ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် သက်တော် ၆၀ နှစ်အရွယ်ရှိ ရာဖူးရွာသစ် ဗုဒ္ဓသာသနရက္ခိတ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး၊ အသက် ၆၅ နှစ်အရွယ် ရာဖူးကျေးရွာအုပ်စု သာယာမွန်ကျေးရွာနေ ဒေါ်အုန်းမြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

၎င်းပြင် အသက် ၆ဝ နှစ်အရွယ် ယာဉ်မောင်း ဦးသန်းထွေး၊ အသက် ၁၈ နှစ်အရွယ် မောင်မိုးသူရအောင်၊ အသက် ၁၂ နှစ်အရွယ် မသင်းရနံ့လှိုင်၊ အသက် ၂၃ နှစ်အရွယ် မနန်းမိုးနှင့် အမည်မသိရသေးသည့် ကလေးနှစ်ဦးတို့ သေနတ်ဒဏ်ရာအသီးသီးရရှိခဲ့ကြသည်။

ဒဏ်ရာရရှိသူများအနက် ဒဏ်ရာမပြင်းထန်သည့် ကလေး ၂ ဦးကို ကလိန်အောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ဒဏ်ရာပြင်းထန်သည့် ယာဥ်မောင်းအပါအဝင် ၄ ဦးကိုတော့ ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

Most read this week

December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...