အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာ သင်္ချိုင်းမြေနေရာအနီး ရွေတူးဖော်နေခြင်းကြောင့် မြေနေရာပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာ သင်္ချိုင်းမြေနေရာအနီး ရွေတူးဖော်နေခြင်းကြောင့် မြေနေရာပျက်စီးလာမည်ကို ဒေသခံများ စိုးရိမ်

မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသက လုံးတုံကျေးရွာက သင်္ချိုင်းမြေနေရာအနီးမှာ ရွှေတူးဖော်နေကြတာကြောင့် မြေနေရာတွေ ပျက်စီးလာမှာကို ဒေသခံတွေ စိုးရိမ်နေပါတယ်။

မမုံကိုင်ကျေးရွာအုပ်စုမှာရှိတဲ့ လုံးတုံကျေးရွာ သင်္ချိုင်းမြေနေရာအနီးကလမ်းကို ရွှေတူးဖော်လိုက်ပြီးတော့ လမ်းဖောက်တာတွေ ပြုလုပ်လာတာကြောင့် သင်္ချိုင်းမြေနေရာ ထိခိုက်လာမှာကို စိုးရိမ်နေတာလို့ အင်းတော်ကြီးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“ လမ်း ပေ ၂၀၀ ကျော်လောက်တူးပြီး သင်္ချိုင်းထဲမှာ လမ်းပြန်ဖောက်ထားတာမျိုး လုပ်လာတာ။

ဒေသခံတွေကတော့ စိတ်မကောင်းဘူးပေါ့နော်။ နှစ် ၄၀ ကျော်လောက် အကုန်လုံးမြှုပ်လာကြတာဆိုတော့ ထိလာမှာကို စိုးရိမ်တာပေါ့။” လို့ဆိုပါတယ်။

သင်္ချိုင်းမြေရဲ့ အထက်ဘက်မှာ လယ်ယာအခင်းတွေရှိပြီး အဲဒီဘက်သွားတဲ့ လမ်းတွေကိုလည်း ရွှေတူးဖော်လိုက်တာကြောင့် ရွံ့အိုင်တွေဖြစ်သွားပြီလို့ သိရပါတယ်။

လက်ရှိ အင်းတော်ကြီးဒေသက လုံးတုံ၊မမုံကိုင်နဲ့ မိုင်းနောင်ကျေးရွာတွေဘက်မှာ စက်ယန္တရားကြီးတွေနဲ့ နေ့ညမပြတ် ရွှေတူးဖော်နေကြသလို ဒီနောက်ပိုင်း လမ်းမကြီးဘေးက သစ်တောကြိုးဝိုင်းနေရာတွေမှာ သွပ်တွေကာရံပြီးတော့ တူးဖော်နေကြတယ်လို့လည်း ဒေသခံက ပြောပါတယ်။

“ မိန်းလမ်းမှာကို ၁၁ ပေလောက်ရှိတဲ့ သွပ်တွေကာလိုက်တာ။ ၄ ဖာလုံလောက်ရှိတယ်။ကားလမ်းမှာကာလိုက်တာ။” လို့ဆိုပါတယ်။

အခုနောက်ပိုင်း လမ်းဘေးတစ်လျှောက် (၈) ပေသွပ်တွေ ကာရံလိုက်တာကြောင့် တူးဖော်တာတွေ မတွေ့ရတော့သလို ချောင်းရေလမ်းကြောင်းတွေ ပျက်စီးလာတယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

အဲဒီလို နေ့ညမပြတ်ရွှေတူးဖော်မှုတွေကြောင့် အင်းတော်ကြီးဒေသက ချောင်းရေတွေမှာ ဒီဇယ်အင်ဂျင်ဝိုင်၊ ပြဒါးနဲ့ နွံတွေစီးဝင်လာပြီး အသုံးပြုဖို့ခက်ခဲလာတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

Most read this week

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...