စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

ချင်းပြည်နယ် မတူပီမြိုနယ် ဇိုတုန်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် ခေါ်ယူအသုံးပြုနေကြောင်း CDF-Zotung တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတူပီမြို့နယ် ဇိုတုန်နယ်မြေ တိန်ဆီးရွာနှင့် ထော်လန်ရွာကြားတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Zotung တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံပြည်သူ ၁၀ ဦးကိုလူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။

လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခံရသူ ပြည်သူ ၁၀ ဦးထဲတွင် အသက် ၁၈ နှစ်အောက်မိန်းကလေး ၂ ဦးလည်းပါဝင်ကာ ၎င်းတို့ထဲမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၈ ဦးကိုကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း CDF-Zotung က ဆိုသည်။

CDF-Zotung ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က “ပုံမှန်စဉ်စားကြည့်မယ်ဆိုရင် လက်နက်မကိုင်တဲ့ သာမန်အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွား တယ်ဆိုတာက ပွင့်ပွင့်လင်းလင်း ပြောရရင် လက်နက်ကိုင်အချင်းချင်း ဘာမှလုပ်လို့မရတဲ့အခါမှာ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ အနေနဲ့ခေါ်ဆောင်တယ်ဆိုတာကတော့ သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲ”  ဟု ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဆလိုင်းဟာကာလျန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဇိုတုန်နယ်မြေထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ရေးတင်းမာလျှက်ရှိသည်။

Most read this week

December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...
December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...