စစ်ကောင်စီ ဝါဒဖြန့်စာစဉ်များ PDF များက မီးရှို့ဖျက်ဆီး

စစ်ကောင်စီ ဝါဒဖြန့်စာစဉ်များ PDF များက မီးရှို့ဖျက်ဆီး

ခရီးသည်တင် မှန်လုံကားပေါ်မှ စစ်ကောင်စီ၏ ဝါဒဖြန့် စာစဉ်များကို သိမ်းဆည်းရမိပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF တာဝန်ရှိသူက ပြောသည်။

စစ်အုပ်ချုပ်ရေးဒေသ အဖြစ် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးက ကြေငြာခဲ့ပြီး နောက်တစ်ရက်ဖြစ်သည့် ဖေဖေါ်ဝါရီ ၄ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် သိမ်းဆည်းရမိခဲ့ ခြင်း ဖြစ်သည်။

ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ PRDF တာဝန်ရှိသူ တစ်ဦးက “ကဒဲရွာနားမှာ မိတာပါ။ စစ်ဆေးတဲ့အဖွဲ့ မြင် တော့ Express ကားက ရှေ့မတိုးဘဲ တွန့်ဆုတ်ဆုတ် လုပ်နေတာနဲ့ မသင်္ကာလို့ ခရီးသည်တွေ အောက်ဆင်းခိုင်းပြီး တက်ရှာကြရာမှာ တွေ့တာပါပဲ။ ကားလိုင်းနာမည်ကတော့ မပြောတော့ပါဘူး” ဟု ပြောသည်။

ပုလောမြို့နယ်အတွင်း ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ တို - သင်္ကန်းတော - ကဒဲကျေးရွာသွား လမ်းပိုင်းတွင် PRDF တပ်ဖွဲ့က ရှောင်တခင် စစ်ဆေးမှုအတွင်း Express ကားတစ်စီးပေါ်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့်စာစဥ် ပစ္စည်းတင်ဆောင်လာသည့် ကားဒရိုင်ဘာနှင့် ယာဉ်အကူအား သတိပေး စကား ပြောကာ ခရီးသည်များနှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း PRDF တာဝန်ရှိသူက ဆိုသည်။

သိမ်းဆည်းရမိခဲ့သည့် စာအုပ်များကို ကဒဲကျေးရွာအနီးမှာပင် မီးရှို့ဖျက်ဆီးပစ်လိုက်သည်ဟု ဆက်ပြောသည်။

မြိတ်-ထားဝယ်သွား ပြည်ထောင်စု လမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေကြသည့် ခရီးသည်တင် မှန်လုံ Express ကားများ၊ ယာဉ်ကြီး၊ ယာဉ်ငယ် နှင့် ကုန်တင်ကားများ အားလုံး စစ်ကောင်စီ ယာဥ်တန်းများနှင့် ကပ်လျက် မောင်း နှင်ခြင်း မပြုကြရန်နှင့် လုံးဝ မပတ်သက်ကြရန်၊ ၎င်းတို့၏ ပစ္စည်းများကို သယ်ယူ ပို့ဆောင်ပေးခြင်းများ မပြုရန် PRDF တပ်ဖွဲ့က သတိပေးထားသည်။

အလားတူ ဇန္နဝါရီလ ၂၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ကဒဲကျေးရွာအနီးမှာပင် စစ်တပ်၏ ရိက္ခာ နှင့် လက်နက်ခဲ ယမ်းများကို သယ်ယူပို့ပေးနေသော ခရီးသည်တင် မှန်လုံကားတစ်စီးအား PRDF တပ်ဖွဲ့မှ ကားရှေ့ လေကာမှန်ကို သေနတ်ဖြင့်ပစ်ခတ် သတိပေးခဲ့သေးသည်။

July 11, 2026
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကပစ (၂၄) မှ စစ်အုပ်စုတပ်သား အင်အား ၆၀၀ ကျော်သည် ရိက္ခာနှင့် လက်နက်...
July 11, 2026
သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်အတွင်းသို့ စစ်တပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲ...
July 10, 2026
ရခိုင်ပြည် အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်ပေါင်းစုံ၌ ရေကြီးရေလျှံမှုများ...
July 10, 2026
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲမှု...