သိန်းထောင်ကျော်တန် ဘိန်းစာမှုန့်များ PDF ဖမ်း

သိန်းထောင်ကျော်တန် ဘိန်းစာမှုန့်များ PDF ဖမ်း

တနင်္သာရီတွင် ကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ ဘိန်းစာမှုန့်များ PDF ပူပေါင်းတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု တာဝန်ရှိသူများက ပြောသည်။

မြစ်ကြောင်းအတိုင်း လှေဖြင့် သယ်ယူလာသည့် ဘိန်းစာမှုန့်များကို ဒေသခံ ပြည်သူ့ကာကွယ်ရေး - PDF ပူးပေါင်း တပ်ဖွဲ့များက စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

PDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “လှေနဲ့သယ်လာသူတွေက အရောင်းအဝယ် ကုန်ကူးတွေပါပဲ။ သူတို့ကို လက်ရှိ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတုန်းပါ။ ပြီးရင် သတင်း ထုတ်ပြန်ပေးပါမယ်” ဟု ပြော သည်။

တနင်္သာရီ ပြည်သူ့အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ကြိုတင်သတင်းရ၍ စောင့်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပ.အ.ဖ အဖွဲ့ တာဝန်ရှိသူ က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ်နယ်မြေ အတွင်းရှိ တနင်္သာရီမြစ်ကြောင်း အတိုင်း စက်တပ်လှေ ဖြင့် စုန်ဆင်းလာစဉ် ဇန္နဝါရီလ ၃၀ ရက်နေ့၊ ည ၇ နာရီ ၄၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိခဲ့သည့် ဘိန်းစာမှုန့် စုစုပေါင်း ၃၅၁၀၀ ထုပ်ဖြစ်ပြီး တစ်ထုပ်၏ ကာလတန်ဖိုး ၃၀၀၀ ကျပ်ဈေး ဝန်းကျင်ရှိနေသည်ဟု တာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးရရှိခဲ့သည့် ဘိန်းစာမှုန့် ၃၅၁၀၀ ထုတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များက ဖေဖေါ်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းက တနင်္သာရီ မြစ်ထဲသို့ ဖောက်ချ ဖျက်ဆီးပစ်လိုက်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်းကလည်း WY ဆေးပြားများနှင့် ဘိန်းစာမှုန့်များကို မကြာခဏ ဆိုသလို တနင်္သာရီ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးကာ အရေးယူနိုင်ခဲ့သည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...