အသံတိတ်သပိတ်နေ့က ပျူစောထီး အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပစ်သတ်ခံရ

အသံတိတ်သပိတ်နေ့က ပျူစောထီး အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပစ်သတ်ခံရ

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသံတိတ်သပိတ်ဆင်နွဲနေချိန်တွင် ပျူစောထီးအဖွဲ့ဝင်အုပ်ချုပ်ရေးမှူးတစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟုဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ ဦးကျော်စိုး အသက် ၅၅ နှစ်အရွယ်ရှိသူ ဖြစ်ပြီး အသံတိတ်သပိတ်နေ့ကထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာရှိ နေအိမ်တွင်ရှိနေစဉ် အမည်မသိ လူ ၆ ဦး ရောက်ရှိ လာပြီး သေနတ်ဖြင့် ၈ ချက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦးက “လှေထဲ ရေဆင်းပက် ထုတ်ဖို့ ပြင်ဆင်နေတုန်း ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး သေနတ်သံ ဆယ်ချက်လောက် ရှိမယ် ကြား ရတာ။ အိမ်မှာဝင်ပစ်သွားတာလို့ သိရတယ်။ ပြေးပြီးသွားကြည့် တာ ခေါင်းနဲ့ နောက်ကျောဘက်တွေမှာ ကျည်ထိ ပြီး သွေးအိုင်ထဲလဲနေတယ်” ဟုပြောသည်။

သေဆုံးသွားသူ ဦးကျော်စိုးသည် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ကိုယူထား သည့်အပြင် ပျူစောထီးအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဦးကျော်စိုးသည် ပိန်းတောကျေးရွာတွင် ငါးဖမ်း ပိုက်လှေ လုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် နီးနီးကပ်ကပ် နေထိုင်သွားလာလေ့ရှိသည်။

ထို့အပြင် ၎င်းသည် ရွာသားများကို လက်နက်အားကိုးဖြင့် နိုင်ထက်စီးနင်းလုပ်နေဟု တိုင်ကြားမှုများရှိသဖြင့် ဒေသခံ ပြည်သူ့ကာကွယ်အဖွဲ့များက အကြိမ်ကြိမ် စာထုတ် သတိပေးခြင်း ခံထားရသူတစ်ဦးလည်း ဖြစ်သည် ဒေသခံများက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ဦးကျော်စိုး၏ ရုပ်အလောင်းကို သရက်ချောင်းမြို့နယ်ရဲစခန်းမှ အရေးပေါ် လူနာတင်ကားဖြင့် လာရောက်ယူဆောင်သွားသည်ဟု မျက်မြင်တွေ့သည့် ဒေသခံများက ဆိုသည်။

အလားတူ သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် မဲစာ ရင်း ကောက်ခံနေသည့် Non-CDM ဝန်ထမ်းများအနေဖြင့်လည်းလုပ်ငန်းစဉ်ကို ရပ်တန့်ရန်နှင့် ပျူစောထီး အဖွဲ့ ဝင်များ၊ သတင်းပေးများကိုလည်း အမြန်ဆုံး ရာထူးတာဝန်များမှ နှုတ်ထွက်ပေးရန် သရက်ချောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတိပေးထုတ်ပြန်ထားသည်။

April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...