ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ တက်ရောက်နေရ

ဒု-သမ္မတ ဦးဟင်နရီဗန်ထီးယူ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံ တက်ရောက်နေရ
Photo Crd – RFA
Photo Crd – RFA

ဒုတိယသမ္မတ (၂) တာဝန်ထမ်းဆောင်နေသူ ဦးဟင်နရီဗန်ထီးယူဟာ ဇန်နဝါရီလ ၃၁ ရက် မနက်ပိုင်း နေအိမ်မှာ မတော်တဆမချော်လဲတာကြောင့် ဆေးကုသမှုခံယူဖို့ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို မနက် ၁၁ နာရီခန့်မှာ ရောက်လာတယ်လို့ ဆေးရုံအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အခု သူနေတဲ့နေရာမှာ ဓာတ်လှေကားမရှိဘူး။ ရိုးရိုးလှေကားပဲ သုံးရတဲ့သဘော။ အဲဒီမှာ ချော်ကျတာ။ ပြုတ်ကျတာပေါ့။ ခေါင်းပေါက်လာတယ်။ မူးတာလည်း နည်းနည်းရှိတယ်။ သီးသန့်အဆောင်မှာ ထားထားရတယ်။ အဲဒီ သီးသန့်အဆောင်ကိုလည်း ရဲတွေ လုံခြုံရေးပေးထားတာမျိုးလည်း တွေ့တယ်”

ဦးဟင်နရီဗန်ထီးယူဟာ စစ်အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းကနေပျောက်နေခဲ့ပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွပ်စွဲခဲ့တဲ့ ရဟတ်ယာဉ်ဝယ်ယူတဲ့ အမှုမှာတော့ နေပြည်တော်က တရားရုံးတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ကာကွယ်ထွက်ဆိုခဲ့ပါတယ်။

သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးတွေကိုလည်း ကျန်းမာရေးအကြောင်းပြချက်နဲ့ ခွင့်တိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် အရေးပေါ်ကာလ သက်တမ်း (၂) နှစ်ပြည့်အဖြစ် ဒီနေ့ပြုလုပ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကိုလည်း ဦးဟင်နရီဗန်ထီးယူ တက်ရောက်နိုင်ခြင်း မရှိပါဘူး။

အသက် ၆၀ နှစ်ကျော် စစ်တပ်အရာရှိဟောင်း ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ NLD ပါတီဝင်ဖြစ်လာပြီး ရွေးကောက်ပွဲမှာ သူ့ရဲ့ဇာတိဖြစ်တဲ့ ထန်တလန်မြို့နယ်ကို ကိုယ်စားပြုတဲ့ ချင်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာပါ။

May 23, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် မြို့သိမ်းတိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့...
May 22, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်မှုထမ်းဖို့အတွက် အပြင်သွားလာနေသောလူငယ်များကို...
May 21, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသော ZFU/PDF-Zoland က ကချင်လွတ်လပ်ရေးတပ်မတော်...
May 20, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တွန်းဇံမြို့ကို အာဏာသိမ်းစစ်တပ်နှင့် ZRA – EC ပူးပေါင်းတပ်များ၏...