ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး
ယခင်ပုံဟောင်း
ယခင်ပုံဟောင်း

ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဇန်နဝါရီလ ၂၅ ရက် ညနေပိုင်းက ခရီးသွားသူများနှင့် ဒေသခံ အရပ်သားပြည်သူ ၁၃ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့တွင် အသက် ၁၆ နှစ်အောက် လူငယ် ၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ချင်းလူ့အခွင့်အရေးဖွဲ့ CHRO ထံမှသိရသည်။

ဟားခါးမြို့ ကျောဘုတ်ရပ်ကွက်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF- Hakha တပ်ဖွဲ့တို့ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ပြီးနောက် အခင်းဖြစ်ပွားရာ အနီးတဝိုက်ရှိ နေအိမ် ၃ လုံးကို စက်ကြီးဖြင့် ဖျက်ဆီးခံရသည့်အပြင် ခရီးသွားနှင့်အရပ်သားပြည်သူ ၁၃ ဦး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

“အဲဒီပစ်ခတ်မှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ စစ်တပ်ဘက်ရောက်လာပြီးတော့ လူနေအိမ်တွေ ဖျက်ဆီးလိုက်တယ်ပြီးတော့ အနီးနားကအိမ်တစ်လုံးကလူတွေကိုဖမ်းဆီးသွားတယ် နောက်ပြီးတော့

ပစ်ခတ်မှုဖြစ်ပွားတဲ့နောက်မှာ အဲဒီဂိတ်ကို လာဖြတ်တဲ့လူတွေကိုပါ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်

မနေ့ည ၇ နာရီအထိရရှိတဲ့သတင်းအရတော့ အားလုံးဖမ်းခံရသူက ၁၃ ဦးရှိတယ်လို့ သိရပါတယ်” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာဆလိုင်းဇအုပ်လိန်က ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများအနက် အသက် ၁၆ နှစ်အောက်လူငယ် ၇ ကို ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က ပြန်လွတ်ပေးခဲ့ပြီး ကျန် ၆ ယောက်၏ အခြေအနေကိုတော့ မသိရသေးကြောင်း သူကဆက်ပြောပါတယ်။

“အခုလိုမျိုး အိမ်တွေဖျက်ဆီးတာ၊ လူတွေလိုက်ဖမ်းတာက သူတို့ကျင်းပမယ့် ဒီမိုကရေစီ Election ကြေညာထားတဲ့ဟာနဲ့ ကိုက်ညီမှုမရှိဘူးပေါ့နော် ပြီးတော့ ပြည်သူလူတွေကို ဒီလိုမျိုး မတရားသဖြင့် လိုက်လံဖမ်းဆီးပြီးတော့ အိုးအိမ်တွေကို ဖျက်ဆီးတာမျိုးက တကယ်ကို ဆိုးရွားတဲ့ အခြေခံ လူ့အခွင့်ရေးချိုးဖောက်မှုပါပဲ” ဟု ဇအုပ်လိန်ကပြောသည်။

ကျော်ဘုတ်ရပ်ကွက်ရှိ စကစ စစ်ဆေးရေးဂိတ်သည် ဟားခါးမြို့မှ မတူပီမြို့ဖက်သို့သွားသော ကားလမ်းပေါ်ရှိ ဂိတ်တစ်ခုဖြစ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါဂိတ်ရှိ တာဝန်ကျသော စစ်ကောင်စီ တပ်သားများက ဂိတ်ကို ဝင်/ထွက်သွားလာသော ပြည်သူများထံမှ ငွေကြေးအဆမတန်ကောက်ခံခြင်း၊ ပစ္စည်းများ အတင်းအဓ္ဓမသိမ်းယူခြင်းနှင့် ခရီးသွားထောက်ခံစာမရှိသူများ ဝင်/ထွက်သွားလာခြင်းပိတ်ပင်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...