ပျူစောထီးအဖွဲ့ဝင် ဆိုသူ နှစ်ဦး ပစ်သတ်ခံရ

ပျူစောထီးအဖွဲ့ဝင် ဆိုသူ နှစ်ဦး ပစ်သတ်ခံရ
ဓါတ်ပုံ - ပျူစောထီးအဖွဲ့ဝင် ဒေါ်တင်သန်း
ဓါတ်ပုံ - ပျူစောထီးအဖွဲ့ဝင် ဒေါ်တင်သန်း

လောင်းလုံးမြို့နယ်အတွင်းက ပျူစောထီးအဖွဲ့ဝင်ဟု ဆိုသူ အမျိုးသမီး ၂ ဦး ပစ်သတ်ခံလိုက်ရသည်။

ဇန္နဝါရီလ ၁၁ ရက်နေ့နှင့် ၁၀ရက်နေ့တို့တွင် ကျေးရွာနှစ်ရွာက ပျူစောထီး အဖွဲ့ဝင် အသက်ကြီးပိုင်း အမျိုးသမီး နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အသက် ၃၅ နှစ်အရွယ် ဒေသခံတစ်ဦးက “သေနတ်ပစ်သံ သုံးလေးချက် ဆက်တိုက် ထမင်းစားနေတုန်းကြား လိုက်ရတယ်။ ရွာထဲမှာသူ့ကို ပျူသတင်းပေး ဆိုပြီး နာမည်ထွက်နေတာ ကြာပြီ။ အလောင်းကိုအရေးပေါ် ကားနဲ့ ထားဝယ်ဘက် သယ်သွားတယ်” ဟု ပြောသည်။

ယမန်နေ့ (ဇန္နဝါရီလ ၁၁ ရက်နေ့)က နေ့လည် ၁၂ နာရီအချန်တွင် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ဝေဒီကျေး ရွာ၊ ကွက်သစ်ရပ်၌ ပျူစော ထီးအဖွဲ့ဝင် ဒေါ်တင်သန်း အသက် ၆၅ နှစ်သည် နေအိမ်တွင်သေနတ်ဖြင့် ပစ်သတ်ခံ ရပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဝေဒီဈေးအနီးရှိ နေအိမ်တွင် ကုန်စုံဆိုင်ရောင်းချနေစဉ်ဆိုင်ကယ်ဖြင့်ရောက်ရှိလာသည့် လူနှစ်ဦးက လည်ပင်းကို အနီးကပ် သေနတ်ဖြင့် ပစ်ခတ်သွားခြင်း ဖြစ်သည်ဟု ရွာသား အချို့က ပြောသည်။

သေဆုံးသွားသူ ဒေါ်တင်သန်း သည် စစ်အာဏာသိမ်းပြီးသည့် အချိန်မှစပြီး စစ်ကောင်စီထံသို့ CDMဝန်ထမ်း စာ ရင်းများ ကောက်ယူပေးခြင်း၊ ပျူစောထီးများနှင့် ပူးပေါင်းကာ နောက်ကွယ်မှ ကူညီပံ့ပိုးပေးနေခြင်းများနှင့် မင်္ဂ လာပွဲများတွင် ရံပုံငွေအတွက်ဟု ဆိုကာ ငွေကြေးတောင်းခံခြင်းများပြုလုပ်နေသဖြင့် ဒေသခံ ပြည်သူ့ကာကွယ် ရေး အဖွဲ့များက အကြိမ်ကြိမ်သတိပေးခြင်းခံထားရသူတစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အလားတူ ဇန္နဝါရီလ ၁၀ ရက်နေ့၊ နေ့လည်ပိုင်း အချိန်ကလည်း ကျောက်ဆင်ကျေးရွာမှ ဒေါ်မာမာဇင်အသက် ၆၃ နှစ်သည် နေအိမ်မှာပင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည်။

ပစ်သတ်ခံရသည့် ဒေါ်မာမာဇင်သည် ရန်ကုန်ဇာတိ ဖြစ်ပြီး ကျောက်ဆင်ကျေးရွာသားနှင့်အိမ်ထောင်ကျကာ အဆိုပါကျေးရွာတွင် အခြေချ နေထိုင်နေသူ ဖြစ်သည်။

ယင်းနေ့ ညနေပိုင်းတွင် ဒေါ်မာမာဇင်၏ အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့တင်ဆောင်သွား သည်ဟု ဒေသခံများက ပြောသည်။

April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...