အင်းလေးဒေသတွင် PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

အင်းလေးဒေသတွင် PDF နှင့် ထောက်ပံ့သူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီ ထုတ်ပြန်

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ်ထဲတွင် ပြီးခဲ့သည့် ဇန်နဝါရီ (၃) ရက်နေ့က စစ်ကောင်စီ နှင့် အင်းလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၈) ရက်တွင် ထောက်ပံ့သူများ နှင့် PDF များကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ကူညီထာက်ပံ့သူများ၊ သတင်းပေးပို့သူ နှင့် PDF ခေါင်းဆောင် အပါအဝင် (၁၂) ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုထဲတွင် ညောင်ရွှေမြို့နယ် အင်းတိန်ကျေးရွာ အင်းတိန်ညောင်အုပ် ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဉူးဇဝနကို ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ပထမဆုံး ဖမ်းဆီးရမိပြီး ကျန်သည့်သူများကို နောက်လိုက်စစ်ဆေးရာမှ ဖမ်းဆီးရမိကြောင်း သိရသည်။

ထိုထုတ်ပြန်ချက်ထဲတွင် သေဆုံးနေသည့် ရုပ်အလောင်း (၆) လောင်း နှင့် အမျိုးသမီးတစ်ဦး အပါအဝင် (၈) ဦးကို လက်နက်အများဖြင့် အရှင်ဖမ်းဆီးရမိထားကြောင်း ထုတ်ပြန်ထားသည်။ ထိုထဲတွင် PDF ခေါင်းဆောင် ၂ ဦး ပါဝင်ကြောင်းလည်း ရေးသားထားသည်။

လက်ရှိ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် တိုက်ပွဲငြိမ်သက်နေလျက်ရှိပြီး စစ်ကောင်စီက ညောင်ရွှေမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားလျက်ရှိသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...