ဆရာမ မီဆော အပါအဝင် ကျိုင်းတုံထောင်မှ ၆၀ ဦးနှင့် လားရှိုးမြို့မှ ၁၀၁ ဦး လွတ်မြောက်လာ

ဆရာမ မီဆော အပါအဝင် ကျိုင်းတုံထောင်မှ ၆၀ ဦးနှင့် လားရှိုးမြို့မှ ၁၀၁ ဦး လွတ်မြောက်လာ

သျှမ်းပြည် ကျိုင်းတုံခရိုင် ကျိုင်းတုံမြို့မှ အကျဥ်းထောင်တွင် အကျဥ်းကျနေသည့် ဆရာမ မီဆောအပါအဝင် အကျဉ်းသား ၆၀ ဦး လွတ်မြောက်လာကြောင်း သတင်းသိရသည်။

ယနေ့ (ဇန်နဝါရီလ ၄) ရက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဥ်းကျနေသူများကို စစ်ကောင်စီမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာ ကျိုင်းတုံ အကျဥ်းထောင်မှ ဆရာမ မီဆော နှင့် နိုင်ငံခြားသား ကျား (၁၀) ဦး ၊ မ (၂) ဦး နှင့် နိုင်ငံသား အကျဉ်းသား (၄၃) ဦး၊ အကျဉ်းသူ (၅) ဦး စုစုပေါင်း (၆၀) ဦး လွတ်ပေးခဲ့ကြောင်း သိရသည်။

“နိုင်ငံခြားသားက ခိုးဝင်လာတဲ့ သူတွေပေါ့၊ ကျား (၁၀) နဲ့ မ (၂) ဦးကို လွတ်ပေးတယ်၊ နိုင်ငံသားအနေနဲ့ဆိုရင် ဆရာမ မီဆော နဲ့ တခြား နိုင်ငံရေး ပုဒ်မ နဲ့ အကျဉ်းသားတွေ တခြား အမှုတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် အထဲ ပါလာတယ်၊ စုစုပေါင်း (၆၀) ဦး လွတ်ပါတယ်” ဟု ကျိုင်းတုံမြို့မှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပရဟိတ လုပ်ကိုင်နေသူ ဆရာမ ဒေါ်နန်းရှဲန်လာ (ခ) မီဆောသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက် နေ့မှ စတင်ပြီး စစ်ကောင်စီတို့၏ ဖမ်းဆီးထိန်းသိမ်းမှုကို ခံရပြီး ၂ နှစ်နီးပါး အကြာ ယနေ့တွင် ပြန်လည် လွတ်မြောက် လာခြင်းဖြစ်ကြောင်း သိရသည်။

အလားတူပင် လားရှိုးခရိုင် လားရှိုးမြို့ အကျဥ်းဦးစီးဌာနမှ စိန်ရတု လွတ်လပ်ရေးနေ့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ ၁၀၁ ဦးရှိနေပြီး ၊ နိုင်ငံရေး အကျဥ်းသား ၁၈ ဦးပါကြောင်း သိရသည်။

“အရေအတွက် စာရင်းပဲ သိရသေးတယ်၊ ကျန်တာတော့ စုံစမ်းနေဆဲပဲ ဖြစ်တယ်” ဟု လားရှိုးမြို့နေ အသက် ၅၀ ဝန်းကျင် ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် တောင်လေးလုံးအကျဥ်းထောင်မှ နိုင်ငံရေး အကျဥ်းသား များ အပါအဝင် အကျဥ်းကျနေသူများ တချို့ ပြန်လည်လွတ်မြောက်လာသည်ဟု သတင်းရရှိသော်လည်း အသေးစိတ် အချက်အလက်များအတွက် သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီမှ ယနေ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင် နှင့် ရဲစခန်းအသီးသီးရှိ အကျဉ်းသား ၇,၀၁၂ ဦးကို ပြန်လွတ်ပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...