မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီနှင့် MNDAA ထိတွေ့တိုက်ပွဲဖြစ်ပွား

မူဆယ်မြို့နယ် အတွင်း စစ်ကောင်စီနှင့် MNDAA ထိတွေ့တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ် နှင့် မုံးကိုးကြားရှိ ဝိန်းဆိုင်ရွာ အနီးတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ကိုးကန့်တပ်မတော် MNDAA တို့ ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သတင်းသိရသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၁) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်တွင် ဝိန်းဆိုင်ရွာ အနီးနေရာယူ ထားသည့် MNDAA တပ်ဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး လက်နက်ငယ် တို့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်တာက ၂ နာရီကျော်ကနေ ၃ နာရီအထိ ဆိုတော့ ၁ နာရီလောက်ကြာတယ်၊ စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ် နဲ့ MNDAA ကို စတင်ထိုးစစ်ဆင်ခဲ့တာ၊ တိုက်ပွဲဖြစ်ပြီး ခဏအကြာမှာ စစ်ကားတွေ တက်သွားပြီး ပြန်ဆင်းလာတယ်၊ ထိခိုက်တဲ့ သူတွေကို သွားသယ်ခဲ့သလား မသိဘူး” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါတိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ စစ်ကား ၃ စီးသည် တိုက်ပွဲဖြစ်ပွားရာ တောင်ပေါ်ဘက်သို့ ဦးတည်မောင်းနှင်သွားကြောင်း ဒေသခံများက ပြောသည်။

တိုက်ပွဲသည် လူနေ ကျေးရွာ နှင့် အလှမ်းဝေးသည့်နေရာ ဖုန်းလိုင်းမရှိသည့်နေရာတွင် ဖြစ်ပွားသည့်အတွက် လက်ရှိတွင် နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုများကို မသိရသေးပါ။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ဒေသခံပြည်သူများက တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ကြောင်းလည်း သိရသည်။

“အခုတိုက်ပွဲက တောထဲမှာ ဖြစ်တာဆိုပေမဲ့ တကယ်လို့ ပိုပြင်းထန်လာရင် ရွာတွေကို လာထိမှာ စိုးရိမ်ရတာပေါ့၊ တောင်ပေါ်လည်းဖြစ်နေတော့ ရှောင်နိုင်ဖို့လည်း ခက်ခဲမှာ” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင်လည်း သျှမ်းမြောက်ရှိ နမ့်ဆန်မြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

နိုင်ငံတော် အာဏာသိမ်းယူမှု တစ်နှစ်ကျော်ကြာလာပြီးနောက် စစ်ကောင်စီသည် သျှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...
ဟိုပုံးမြို့နယ်အတွင်းတွေ့ရသည့် စစ်အုပ်စု၏ စစ်မှုထမ်းသင်တန်းဆင်းပွဲ မြင်ကွင်းတစ်ခု။ / Credit
September 16, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၌ စစ်အုပ်စုတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အတွက်...
သျှမ်း-ကရင်နီ နယ်စပ်တစ်နေရာတွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့။ / Credit
September 15, 2026
သျှမ်း-ကရင်နီနယ်စပ်တစ်ကြော၌ စစ်အုပ်စုတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ဒရုန်းအသုံးပြု...