အရပ်သား ရွာ ဗုံးကျဲမှုကို ဘိန်းစခန်းဟု ဝါဒဖြန့်

အရပ်သား ရွာ ဗုံးကျဲမှုကို ဘိန်းစခန်းဟု ဝါဒဖြန့်

တအန်းအမျိုးသား လွတ်မြေက်ရေး တပ်မတော် TNLA ရဲ့ ဘိန်းစခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်လိုက်တယ် ဆိုတဲ့ သတင်းအမှားပို့စ် တစ်ခုကို လျှံလျှံ ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က ဒီဇင်ဘာလ၁၄ ရက်နေ့က တင် ထားပါတယ်။

PSLF/TNLA က ထုတ်ပြန်ထားတဲ့ နေအိမ်တွေ ထိမှန်ပျက်စီးနေတဲ့ ပုံတွေကို အသုံးပြုပြီး ဘိန်းစခန်း ထိမှန်ပျက် စီးနေတဲ့ ပုံစံမျိုးနဲ့ တင်ထားတာပါ။

လျှံလျှံ ဆိုတဲ့ Facebook အကောင့်ပိုင်ရှင်က “တင်နီလာအေး တို့ရဲ့ ဘိန်းစခန်း တပ်မတော်မှ ဗုံးကျဲလှနေရောဘဲ လူပါးဝနေတဲ့ သူပုန်တွေ မြန်မာ့မြေမှ အကုန်ပျောက်ကွယ်ပါစေ” ဆိုပြီး(မူရင်းအရေးအသားအတိုင်း) ရေး ထားပါတယ်။

တင်နီလာအေး ဆိုတာကတော့ TNLA ကို ပြောတာဖြစ်ပါတယ်။

အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်ကလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ နေရာဟာ TNLA ရဲ့ တပ်စခန်းနဲ့ ဘိန်းစခန်း မဟုတ်ပဲ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာ တစ်ရွာပဲ ဖြစ်ပါတယ်။

အဲဒီရွာဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ကုန်းသာကျေးရွာ ဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက် နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ရွာဘုန်းကြီး ကျောင်း အပါအဝင် လူနေအိမ်တွေ ထိမှန်ပျက်စီးခဲ့တာပါ။ထိမှန်ပျက်စီးသွားတဲ့ ဘုန်ကြီးကျောင်းနဲ့ လူနေအိမ်တွေကို လျှံလျှံဆိုတဲ့ Facebook အကောင့်ပိုင်ရှင်ကTNLA ရဲ့ ဘိန်းစခန်းပါ ဆိုပြီး မြေပြင်အခြေအနေတွေနဲ့ သွေဖယ်ပြီး လုပ်ကြံရေးသားထားတာဖြစ်ပါတယ်။

ကုန်းသာကျေးရွာမှာ စစ်တပ်ရဲ့ လက်နက် ကြီးပစ်ခတ်မှု၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်နေအိမ်တွေ မီးလောင်ပျက်စီး ခဲ့တဲ့အကြောင်းကို ဒေသခံတွေနဲ့ တအန်းအရပ်ဖက် အဖွဲ့အစည်းကတာဝန်ရှိသူတွေကို မေး မြန်းပြီး သတင်းနှင့် မီဒီယာ ကွန်ရက် ( NMG ) က ရေးသားထားတဲ့ သတင်းကိုဒီမှာ https://bit.ly/3uTmxDK ဝင်ဖတ်လို့ ရပါတယ်။

ယုံကြည်စိတ်ချရတဲ့ သတင်းဌာန တော်တော်များများကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးသတင်းရေးသားထုတ် လွှင့်ထား ကြပါတယ်။

ဒါ့အပြင် PSLF/TNLA ဟာ ဒေသအတွင်းက မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချ ထုတ်လုပ်သူတွေကိုစီမံချက်နဲ့ တိုက်ဖျက်နေတဲ့ အဖွဲ့အဖြစ် ဒေသအတွင်းမှာ နာမည်ရနေတဲ့ အဖွဲ့အစည်းဖြစ်ပြီး အဲဒီအဖွဲ့ကိုဘိန်းစခန်းရှိ ပါ တယ်ဆိုတဲ့ ရေးသားမှုဟာ ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ စွပ်စွဲရေးသားထားတဲ့ အရေးအသားမျိုး ဖြစ် နေပါတယ်။

ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ လျှံလျှံ ဆိုတဲ့ Facebookအကောင့်ပိုင်ရှင်က တိ ကျခိုင်လုံတဲ့ သက်သေအထောက်ထား တစ်စုံတစ်ရာ မရှိပဲ TNLA ကိုနိုင်ငံတကာနဲ့ လူထုတွေ အထင်အမြင် မှား အောင် တမင်လုပ်ကြံ ဖန်တီး ရေးသားထားတဲ့သတင်းအမှားပဲ ဖြစ်ပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့သတင်းအမှားတွေ၊ တိုက် ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပြောဆိုမှုသတင်းအမှားတွေ အပြင် လူမျိုးတမျိုးနဲ့တမျိုး အဖွဲ့အစည်း တခုနဲ့ တခုကြား ပဋိပက္ခအသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက် ရှိရှိ ရေးတင်နေကြ ပါတယ်။သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလိုဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။

ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်

တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

Most read this week

February 23, 2026
မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ပိတ်ဆို့နေမှုကြောင့် မြစ်ကြီးနားတွင် ကြက်သားတစ်ပိဿာ ၄...
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...