စစ်တွေတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးသေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာလေးချက်ရ

စစ်တွေတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးသေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာလေးချက်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) (ဘ) ဦးတင်ရွှေ သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာ ၄ ချက်ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်၊ ညနေ ၇ နာရီ ၃၀မိနစ်တွင် RV စားသောက်ဆိုင်ထဲတွင် ၎င်းအား သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ဝင်ရောက်လာပြီး ပစ်ခတ်သွားသည်ဟု သိရသည်။

ဒဏ်ရာများမှာ ဝဲနားရွက်နောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ လည်ပင်းဝဲဘက်(၁)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ လည်ပင်းညှပ်ရိုး အနီး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် နှာခေါင်းသွေးထွက်နေသည်ကို တွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် ငါးလုပ်ငန်းဦးစီးမှူးပြည်နယ်ငါးလုပ်ငန်းရုံးဝန်းတွင် နေထိုင်သူဖြစ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် နီးစပ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။  

အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာက ဦးသက်ဦးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

ထိုသို့ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်လိုက်ပြီး စစ်ဆေးဖမ်းဆီးမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

August 22, 2026
- ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က သတ်ဖြတ်လိုက်တဲ့ အရပ်သား ၄ ယောက်ရဲ့အလောင်းကို မိသားစုဝင်တွေက...
(ပုံဟောင်း / Crd)
August 22, 2026
ပဲခူးတိုင်း၊ ပြည်မြို့သို့ စစ်သားများ တင်ဆောင်လာသည့် စစ်ကား အစီး ၁၀၀ ကျော် ရောက်ရှိလာကြောင်း ပကဖ...
August 21, 2026
- အာဏာသိမ်းစစ်တပ်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှို (CDF-...
August 21, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၌ ညအချိန် အလုပ်မှ ပြန်လာသည့် လူငယ်တစ်ဦးကို စစ်အုပ်စုတပ်နှင့် ရဲ...