စစ်တွေတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးသေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာလေးချက်ရ

စစ်တွေတွင် ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးသေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာလေးချက်ရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ ရှုခင်းသာလမ်း၊ RV စားသောက်ဆိုင်ထဲတွင် ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး(၆၀) (ဘ) ဦးတင်ရွှေ သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာ ၄ ချက်ရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။

ယမန်နေ့ နိုဝင်ဘာ ၆ ရက်၊ ညနေ ၇ နာရီ ၃၀မိနစ်တွင် RV စားသောက်ဆိုင်ထဲတွင် ၎င်းအား သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့်ဝင်ရောက်လာပြီး ပစ်ခတ်သွားသည်ဟု သိရသည်။

ဒဏ်ရာများမှာ ဝဲနားရွက်နောက် ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ လည်ပင်းဝဲဘက်(၁)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ လည်ပင်းညှပ်ရိုး အနီး ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ပါး ဖောက်ဝင်ဒဏ်ရာ (၁)ချက်နှင့် နှာခေါင်းသွေးထွက်နေသည်ကို တွေ့ရှိရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက် ငါးလုပ်ငန်းဦးစီးမှူးပြည်နယ်ငါးလုပ်ငန်းရုံးဝန်းတွင် နေထိုင်သူဖြစ်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် နီးစပ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။  

အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာက ဦးသက်ဦးအား စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

ထိုသို့ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်တွေမြို့တွင် လုံခြုံရေးတင်းကျပ်လိုက်ပြီး စစ်ဆေးဖမ်းဆီးမှုများလည်း ရှိခဲ့သည်ဟု သိရသည်။

December 29, 2025
- ၁၀ ကြိမ်မြောက် မွန်စာဆိုတော်နေ့ အခမ်းအနားကို မုဒုံမြို့နယ်၊ ကမာဝက်မြို့မှာ ကျင်းပသွားမှာ...
December 28, 2025
- ရခိုင်ပြည် ကျောက်ဖြူမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင် စစ်တပ်က...
December 27, 2025
- မွန်မှာ ဖမ်းဆီးထားတဲ့ တရားမဝင် ကုန်ပစ္စည်းတွေကို အရာရှိပိုင်းတွေက ပြန်လည်ရောင်းချနေတယ်လို့...
December 27, 2025
- ၂၀၂၅ ခုနှစ် တစ်နှစ်တာအတွင်း ကချင်ဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA ဘက်က  ထိုးစစ်ဆင်တာထက်...