အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးပြီး ငွေကျပ် ၈ သိန်းမှ သိန်း ၂၀ အထိ ငွေညစ်တောင်းခံတာဟာ ပြန်ပေးဆွဲတာနဲ့တူနေ (အောက်တိုဘာလ ၃၀၊ ၂၀၂၂)

အပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးပြီး ငွေကျပ် ၈ သိန်းမှ သိန်း ၂၀ အထိ ငွေညစ်တောင်းခံတာဟာ ပြန်ပေးဆွဲတာနဲ့တူနေ (အောက်တိုဘာလ ၃၀၊ ၂၀၂၂)

- ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စီတရန်ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသက်လေးပြင်းတိုက်ခတ်ခဲ့တဲ့အတွက် ရခိုင်ကမြို့နယ်တချို့မှာရေတက်ပြီး အဆောက်အဦတချို့နဲ့ စပါးတွေပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

- စစ်တွေမြို့ ပွိုင့်ကမ်းခြေအနီးမှာ လေးတန်းကျောင်းသား ၃ ယောက် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တဲ့နေရာဟာ မကြာခဏဆိုသလို လူသေဆုံးမှုရှိနေတဲ့အတွက် ကာကွယ်မှုတွေပြုလုပ်သင့်နေပြီလို့ စစ်တွေဒေသခံတွေက လိုလားတောင့်တနေကြပါတယ်။

- ရမ်းဗြဲမြို့နယ်မှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးမှုတွေလုပ်ဆောင်ခဲ့ပြီး ငွေကျပ် ၈ သိန်းကနေ သိန်း ၂၀ အထိ ငွေညစ်တောင်ခံနေတာဟာ ပြန်ပေးဆွဲတာနဲ့တူနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်နေသူတွေက ပြောဆိုလိုက်ပါတယ်။

June 15, 2026
- မွန်ပြည်နယ်မှာ အတွဲလိုက် ဆောင်းဘောက်ဖွင့်လှစ်နေမှုကို တားဆီးပိတ်ပင်ပေးဖို့ အဆိုကို...
June 14, 2026
- ရခိုင်နဲ့ မကွေးအစပ် ရိုးမပေါ်က နတ်ရေကန်ဗျူဟာကုန်းအတွက် နောက်တန်းအခြေစိုက် ငဖဲမြို့နယ်ထဲက...
June 13, 2026
- ပြည်သူ့အသံ၊ လွှတ်တော်အသံတွေက စစ်တပ်ကို ကျော်နိုင်မလား။ - မြဝတီမြို့မှာ...
June 13, 2026
- ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး KIA ဘက်က မြို့ကနေစွန့်ခွာကြဖို့ ဒေသခံတွေကို...