လူမှုရေးကိစ္စကြောင့် မိုင်းပျဥ်း တပ်ကြပ်ကြီးမှ အမျိုးသမီးကို ဗုံးပေါက်ကွဲ လုပ်ကြံ

လူမှုရေးကိစ္စကြောင့် မိုင်းပျဥ်း တပ်ကြပ်ကြီးမှ အမျိုးသမီးကို ဗုံးပေါက်ကွဲ လုပ်ကြံ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်း မြို့မစျေးထဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည့်ဖြစ်စဥ်သည် စစ်ကောင်စီ တပ်ကြပ်ကြီးမှ စျေးသည်အမျိုးသမီးကို လုပ်ကြံခဲ့သည်ဟု စုံစမ်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် မိုင်းပျဉ်းမြို့မဈေးအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသမီးသည် စစ်ကောင်စီတပ်ကြပ်ကြီး နှင့် ချစ်သူဖြစ်ပြီး လူမှုရေးကိစ္စကြောင့် တပ်ကြပ်ကြီးက လုပ်ကြံခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“တပ်ကြပ်ကြီးက အဲ့ကောင်မလေး ဈေးရောင်းတဲ့နေရာမှာ ဗုံးသွားထောင်ထားတာ။ သူတို့က ချစ်ကြိုက်နေကြတာပါ။ နှစ်ယောက်လုံးက အိမ်ထောင်သည်တွေဖြစ်တယ်။ ကောင်လေးက တပ်ထဲက တပ်ကြပ်ကြီးဖြစ်တယ်” ဟု မိုင်းပျဉ်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ တပ်ကြပ်ကြီး နှင့် ၎င်းအမျိုးသမီးသည် လူမှုရေးကိစ္စဖြစ်ပွားသောကြောင့် တပ်ကြပ်ကြီးဘက်မှ ယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

လူမှုရေးကိစ္စကြောင့် ဗုံးထောင်လုပ်ကြံခဲ့သူ တပ်ကြပ်ကြီးကို မိုင်းပျဥ်း စစ်ကောင်စီ တပ်ထဲတွင် ဖမ်းဆီးကာ စစ်ဆေးမှု ပြုလုပ်နေသည်ဟု သိရသည်။

“ဖမ်းထားလိုက်ပြီလို့တော့ ကြားတယ်။ တပ်ထဲမှာပဲဆိုတော့ သူတို့ဘယ်လိုလုပ်ဆောင်လဲတော့ အသေးစိတ်မသိရဘူး” ဟု အထက်ပါသူက ထပ်လောင်းပြောသည်။

ထို့ပြင် ပေါက်ကွဲမှု နှင့် ထိခိုက်သူသည် လက်ရှိမှာ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲ ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။

ထို ဗုံးပေါက်ကွဲမှုကြောင့် ဒေသခံများ စိုးရိမ်နေမှုရှိပြီး ယခုလို ပုဂ္ဂိုလ်ရေး ကိစ္စကြောင့် နှင့် ပတ်ဝန်းကျင် ထိခိုက်အောင် မလုပ်သင့်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ အစတော့ စိုးရိမ်တာရှိတယ်။ အခုတော့ နည်းနည်း စိတ်သက်သာသွားတယ်။ အစက နိုင်ငံရေးကြောင့်လားဆိုပြီး ကြောက်တယ်လေ။ သူတို့ လူမှုရေး ကိစ္စဖြစ်တာကြောင့် အရမ်းတော့ မထိတ်လန့်တော့ဘူး။ ဒါမယ့် တပ်ကြပ်ကြီးကလည်း အမျိုးသမီးကို အဲ့လိုမလုပ်သင့်ဘူး။ ပတ်ဝန်းကျင်က လူကိုလည်း ထိခိုက်အောင် မလုပ်သင့်ဘူး။ ပြီးတော့ မကျေနပ်ရင်လည်း ထိခိုက်ဒဏ်ရာရအောင် မလုပ်သင့်ဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

မိုင်းပျဉ်းမြို့သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...