တက္ကသိုလ် ကြားကာလ ပါဝင်သင်ကြားမည့် CDM ဆရာ/မ များ အမည်စာရင်းပေါက်ကြား

တက္ကသိုလ် ကြားကာလ ပါဝင်သင်ကြားမည့် CDM ဆရာ/မ များ အမည်စာရင်းပေါက်ကြား

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ တက္ကသိုလ် ကြားကာလတွင် ပါဝင်သင်ကြားပေးမည့် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှ CDM ဆရာ/မများ၏ အမည်စာရင်းပေါက်ကြားမှု ရှိနေသဖြင့် လုံခြုံရေး အတွက် စိုးရိမ်နေရကြောင်း စုံစမ်းသိရှိ ရသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန နှင့် ကြားကာလ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီတို့ ပူးပေါင်း ဖွင့်လှစ်နေသည့် ကြားကာလ တက္ကသိုလ်ကျောင်းတွင် ပါဝင်သင်ကြားမည့် တက္ကသိုလ် ဆရာ/မ များ၊ ပါမောက္ခများ နှင့် ဌာနမှူး အမည်များက စစ်ကောင်စီ ဝါဒဖြန့် Channel များတွင် ပြန့်နှံ့လာပြီးနောက် ဖမ်းဆီးရန် ပြောဆိုမှု ရှိနေကြောင်း တော်လှန်ရေး ဘက်တော်သား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ ဝါဒဖြန့် တဲ့ တယ်လီဂရမ် ချန်နယ်ဖြစ်တဲ့ Truth Media ကနေ တင်လာတာဖြစ်ပါတယ်၊ ရပခတွေ ကို ဖမ်းဖို့ပါ ပြောဆိုထားတယ်၊ ဖမ်းဆီး ချိတ်ပိတ်ပေးဖို့ နာမည်စာရင်း နဲ့ ရာထူးနဲ့ တင်ထားတာ၊ ဒါကြောင့် သူတို့ လုံခြုံရေးအတွက် စိတ်ပူတယ်၊ သက်ဆိုင်သူများ သတိထားကြပါ” ဟု သျှမ်းတောင်မှ အမည်မဖော်လိုသူ တော်လှန်ရေး ဘက်တော်သား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်မှ တင်ထားသည့် တက္ကသိုလ် ဆရာ/မ နှင့် ပါမောက္ခများ၏ အမည်စာရင်းသည် စုစုပေါင်း ၇ ဦး ရှိနေပြီး ဖမ်းဆီးချိတ်ပိတ် အရေးယူရန် ပြောဆိုထားကြောင်း သတင်းသိရသည်။

လက်ရှိ စစ်ကောင်စီတို့၏ ဝါဒဖြန့် ချန်နယ်မှ တစ်ဆင့် ပျံ့နှံ့လာသည့် CDM ဆရာ/မ များ၏ စာရင်းသည် တောင်ကြီးတက္ကသိုလ်မှ ဖြစ်ကြောင်းဆိုသည့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း မပေါ့ဆသင့်ကြောင်း တောင်ကြီးတက္ကသိုလ်မှ CDM ကျောင်းသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဘယ်လိုပဲ ဖြစ်ဖြစ် စစ်ကောင်စီတွေက CDM ကျောင်းသားတွေ၊ ဆရာ/မတွေကို ဘာမှမလုပ်ရင်တောင်မှ ဖမ်းနေတာပဲလေ၊ အခုလို NUG နဲ့ ပေါင်းပြီး စာသင်နေတာ သိထားတယ်ဆိုရင် ပိုဖမ်းကြမှာ၊ ပိုရက်စက်မှာ၊ ဒါကြောင့် CDM တွေ အားလုံး သတိထားသင့်တယ်၊ ဘယ်နေရာပဲ ရောက်ရောက် မပေါ့ဆကြဖို့၊ လုံခြုံရေးကို အထူး ဂရုစိုက်ကြဖို့ ပြောချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ဖွင့်လှစ်သည့် တက္ကသိုလ်များတွင် ကျောင်းသွားတက်ရောက်သည့် ကျောင်းသား/သူ များသည် ဖက်ဒရယ် ပညာရေး စနစ် အခြေခံသည့် တက္ကသိုလ် ပြန်လည် ဖွင့်လှစ်ပါက အသိအမှတ် ပြုမည်မဟုတ်ကြောင်း ကြားကာလ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီက ပြီးခဲ့သည့် သြဂုတ်လတွင် ထုတ်ပြန် ကြေညာထားသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...