ဆက်ကြေးကောက်သည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ဆက်ကြေးကောက်သည့် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရ

ဆက်ကြေးလိုက်ကောက်သည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ကား လောင်းလုံးမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

လောင်းလုံးမြို့နယ် အတွင်းရှိ ကရင်ကြီးကျေးရွာနှင့် သဘော့ဆိပ်ကျေးရွာအကြား ကျေးရွာများတွင် လှည့်လည် ကာ ဆက်ကြေး အခွန်ကောက်ခံရာမှ ပြန်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ စီးလာသည့် ကား ၂ စီးကို PDF များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဂျိမ်း ဆိုပြီး ပေါက်ကွဲသံလည်း ကြားရတယ်။ သေနတ်သံတွေလည်း ကြားရတယ်။ တိုက်ပွဲဖြစ်တဲ့ပုံစံပဲ၊ သိပ် မကြာဘူး အရေးပေါ်လူနာတင်ကားတွေ သွားလာနေတာလည်း တွေ့ရတယ်။ ရွာသားတွေက သေနတ်သံ ကြား ရင်ကိုပဲ ကြောက်နေကြတာ” ဟု အသက် ၄၀ ခန့် အရွယ် သဘော့ဆိပ်ရွာသားတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၄ ရက်နေ့၊ ညနေ ၅ နာရီခွဲ အချိန်ခန့်က ခလရ (၁၀၄) တပ်ရင်း တပ်ဖွဲ့ဝင်များနှင့် ဦးလေးလေး ဦးဆောင်သည့် ပျူစောထီးအဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသော Vigo ကားနှစ်စီးကို ထားဝယ် (ပကဖ) DGRF နှင့် T-PDF လောင်းလုံး (ပကဖ) LLPDF အဖွဲ့တို့က ပူးပေါင်း မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု အောက်တိုဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမိနစ် အနည်းငယ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပျူ စောထီးတို့ဘက်တွင် ထိခိုက်သေဆုံး ဒဏ်ရာ ရရှိမှုများရှိခဲ့သော်လည်း အရေအတွက်ကိုမူ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

သို့သော် သွားရောက်တိုက်ခိုက်ခဲ့သည့် PDF ပူးပေါင်းတပ်ဖွဲ့များဘက်က ထိခိုက်ဒဏ်ရာ ရရှိခြင်းမျိုး တစ်စုံတစ်ရာ မရှိဘဲ ဘေးကင်းကင်းနှင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။

အလားတူ အောက်တိုဘာလ ၁၁ ရက်နေ့တွင်လည်း ထားဝယ်မြို့နယ်၊ မောင်မရှောင် ကျေးရွာ အနီးတွင် စစ်ကား ၉ စီးပါ စစ်ကောင်စီ ယာဉ်တန်းကို DGRF အဖွဲ့က မိုင်း ၄ လုံး ဆွဲကာ တိုက်ခိုက်ခဲ့သေးသည်ဟု သိရသည်။

July 14, 2026
မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝန်း၏ ကြားနေသည့် သဘောထားသည် စစ်တပ်က အရပ်သား...
July 14, 2026
စစ်ရေးအရ စိုးရိမ်စရာဖြစ်လာသည့် အာရက္ခတပ်တော် (AA) နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့များ၏ တန်ပြန်...
July 13, 2026
စစ်တပ်သည် အသွင်ပြောင်းအစိုးရအဖြစ် အရေခြုံထားသော်လည်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုနှင့်...
July 13, 2026
ဦးမင်းအောင်လှိုင်နှင့် စစ်အုပ်စုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် မူးယစ်ဆေးဝါး...