ကျိုက်ထီးရိုး ပစ်ခတ်မှု ၃ ဦးသေ၊ ၁၅ ဦး ထက်မနည်း ဒဏ်ရာရ

ကျိုက်ထီးရိုး ပစ်ခတ်မှု ၃ ဦးသေ၊ ၁၅ ဦး ထက်မနည်း ဒဏ်ရာရ

မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထီးရိုးတောင် ဂိတ်အနီး ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဥ်တွင် ဘုရားဖူး ၃ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်တက်ဂိတ်အနီးတွင် အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဘုရာဖူး ၃ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရ သည်။

“ပစ်ခတ်မှုက တောင်တက်ကားဂိတ်အနားမှာ ဖြစ်သွားတော့ ဘုရားဖူးတွေ ထိသွားတာ။ သိသလောက်က ဘုရား ဖူး အမျိုးသမီး ၃ ဦး သေသွားတယ်။ ဒဏ်ရာရတာက ၁၅ ဦး ရဲတွေလည်း ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီးရှိ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမည်မသိသေနတ်သမားများက လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အနီးအနားက ဒေသခံများက ပြောသည်။

ထိုသို့ ဂိတ်ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီ၏ လုံခြုံရေးတပ်နှင့် အမည်မသိ သေနတ်သမားတို့အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ဘုရားဖူး အမျိုးသမီး ၃ ဦး ထိမှန်သေဆုံးကာ ဘုရားဖူးပြည်သူ ၁၅ ဦး လည်း ထိခိုက်ဒဏ်ရာရရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်လည်း ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အနီးအနားက ပြည်သူအချို့၏ ပြောပြချက်အရ သိရသည်။

ထိခိုက်ဒဏ်ရာရသူများကို လူမှုကူညီကယ်ဆယ်ရေးအသင်းများက ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ အရေးပေါ် လူနာတင်ကားများဖြင့် ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိတွင် ဆေးကုသမှုခံယူနေကြသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ကျိုက်ထီးရိုးတောင်တက် ကားဂိတ်အနီး ပစ်ခတ်မှုဖြစ်စဥ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့ အကြား ဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောဆိုနေသော်ကြလည်း အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ မည်သည့်အဖွဲ့ကမှ သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

သီတင်းကျွတ်ကာလသည် ကျိုက်ထီးရိုးတောင် စတင်ဖွင့်လှစ်သည့် ကာလဖြစ်သည့်အတွက် ဘုရားဖူး လာရောက်မှု များပြားနေသည်ဟု ဒေသခံများက ဆိုသည်။

February 4, 2026
ကချင်ပြည်အတွင်းရှိ ဝိုင်းမော်၊ ဖားကန့်နှင့် မိုးညှင်း-အင်းတော်ကြီးဒေသတို့တွင် KIA...
February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...