မြို့နယ်အဆင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

မြို့နယ်အဆင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

မြို့နယ် အဆင့် ပျူစောထီး ခေါင်းဆောင်တစ်ဦး အောက်တိုဘာလ ၅ ရက်နေ့၊ ညနေပိုင်းက မော်ကျွန်းမြို့လယ်ရှိ လက်ဖက်ရည်ဆိုင်တွင် ပစ်သတ်ခံသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ ချမ်းမြေ့ ၁၃ ရပ်ကွက်တွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် ဦးခင်မောင်ကြည် က ဆဝါရီ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ဆိုင်ကယ်စီး သေနတ်သမားက ရောက်လာပြီး အနီးကပ် ပစ်သတ်သွားခြင်း ဖြစ်သည်။

“ဒီလူက ပျူ ယူနစ်ဖောင်း ဝတ်ပြီး မြို့ထဲမယ် သေနတ် တကားကား နဲ့ လုပ်နေတာ။ ပစ်တဲ့သူက သေနတ်နဲ့ ၂ ချက် တေ့ပစ်ခံရတာမှာ လည်ပင်းကို ထုတ်ချင်းပေါက်သွားတယ်” ဟု ဒေသခံတစ်ဦး က ပြောသည်။

ပစ်သတ်ခံရသည့် ဦးခင်မောင်ကြည်သည် စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဖြစ်သည့် အပြင် ပျူစော ထီးခေါင်းဆောင် စစ်ကောင်စီ သတင်းပေးတစ်ဦး ဖြစ်ပြီး ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်

ဖွံ့ဖြိုးရေး ပါတီ ဝင်၊ မဘသ တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံများက ပြောပြသည်။

ဦးခင်မောင်ကြည်ကို ဧရာဝတီတိုင်း စစ်ဒေသခွဲ၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီ လင်းပိုင်အဖွဲ့၊ ဘိုကလေး PDF နှင့် မော်ကျွန်း ပကဖ အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့သည်ဟု ဧရာဝတီတိုင်း

စစ်ဒေသခွဲ ကွပ်ကဲ ရေး အဖွဲ့ က သတင်းထုတ်ပြန် ထားသည်။

“စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဆက်ပြီး တိုက်ခိုက်သွားမှာမို့ ပြည်သူတွေက စစ်ကောင်စီရဲ့ ရုံးဌာနတွေ အနား မသွားဖို့နဲ့ ထောက်တိုင် ဒလန်တွေနဲ့ မပတ်သက်ဖို့ လိုအပ်တယ်” ဟု အဆိုပါ မစ်ရှင်ကို

ဆောင်ရွက်ခဲ့သည့် ပြည်သူကာကွယ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် တော်လှန်ရေး အင်အားစုများက စစ်ကောင်စီ ထောက်တိုင်များအား တိုက်ခိုက်မှု အကြိမ် ၅၇ ကြိမ် ရှိခဲ့သည့်အနက် မော်ကျွန်းမြို့နယ်တွင် ၆ ကြိမ်တိုင်တိုင် ရှိခဲ့ပြီး ဖြစ်သည်။

ယခု ပျူစောထီးခေါင်းဆောင် ဦးခင်မောင်ကြည်အား တိုက်ခိုက်မှုသည် မော်ကျွန်းမြို့နယ်အတွင်း (၇) ကြိမ် မြောက် တိုက်ခိုက်မှု ဖြစ်သည်။

May 1, 2026
တနင်္သာရီတွင် ရဟတ်ယာဉ်ကွင်းဆောက်ရန် ရွာသား ၁၅ ဦးပိုင် မြေနှင့်အိမ်များကို စစ်တပ်က...
April 30, 2026
စက်သုံးဆီရှားပါးမှုကြောင့် တနင်္သာရီတိုင်း အတွင်း ကမ်းနီး ငါးဖမ်းလုပ်ငန်းများ ရပ်နားရမည့်...
April 29, 2026
စစ်ကိုင်းတိုင်းနှင့် ကချင်ပြည် အစပ်ရှိ မြို့နယ်များတွင် စစ်တပ်က စစ်ဆင်ရေးများ အတွက် လူအင်အား...
April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...