သျှမ်းတောင်စစ်ဘေးရှောင်များ အလှူရှင်မရှိ ဆန်ပြုတ် သောက်နေရ

သျှမ်းတောင်စစ်ဘေးရှောင်များ အလှူရှင်မရှိ ဆန်ပြုတ် သောက်နေရ

သျှမ်းတောင်ရှိ စစ်ရှောင်များ ယခုလအတွင်း အလှူရှင်များမရှိသောကြောင့် ဆန်ပြုတ်သောက်နေရကြောင်း သိရသည်။

အဆိုပါ ဆန်ပြုတ်သောက်နေရသည့် သျှမ်းတောင် စစ်ရှောင်များမှာ ဆီဆိုင်၊ ပင်လောင်း နှင့် ညောင်ရွှေမှ စစ်ရှောင်များဖြစ်ကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အရင်လက စပြီး အခုလထိ အလှူရှင်တွေ မရတော့ဘူး။ ကျနော်တို့ ဆီဆိုင်၊ ပင်လောင်း၊ ညောင်ရွှေဘက်မှာရှိတဲ့ စစ်ရှောင်တွေ အားလုံးပေါ့။ တချို့စစ်ရှောင်တွေက နေ့စားလည်းမသွားရတော့ တစ်ရက်ကို ဆန်ပြုတ်နှစ်နှပ်နဲ့ဘဲ စားသုံးနေရတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ အလှူရှင်ကို ရှာနေဆဲပဲ “ ဟု ၎င်းစစ်ရှောင်ကူညီသူ တစ်ဦးကပြောသည်။

စစ်ရှောင်များ

ထို့ပြင် လက်ရှိမှာ သျှမ်းတောင် နှင့် ကရင်နီပြည်ဘက်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် ဒေသအတွင်း မြေမြှုပ်မိုင်းများ ရှိနေသေးသည်ကို စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရှောင်များကို အောက်တိုဘာလကုန်တွင် နေရပ်ပြန်ခိုင်း နေကြောင်း သိရသည်။

“ကျနော်တို့က အခုထိနေရပ်မပြန်နိုင်သေးဘူး၊ ပြန်လို့လည်းမရသေးဘူး။ ကျနော်တို့ ကလေးတွေလည်း ကျောင်းတက်နေသေးတယ်။ နေရပ်ပြန်ဖို့ အတွက်လည်း ဒေသမှာ တိုက်ပွဲကဖြစ်နေသေးတယ်။ မိုင်းရှင်းလင်းရေးလည်း မလုပ်ရသေးဘူး။ နေရပ်ပြန်ဖို့ ဆိုတာလည်း ဘယ်မှာသွားနေရမလဲ၊ သူတို့က နေရပ်ကို ပြန်ခိုင်းတာဘဲ ရှိတယ်၊ ဘာမှမပြင်ဆင်ပေးဘူး“ ဟု သျှမ်းတောင်ရောက် စစ်ရှောင် တစ်ဦးက ပြောသည်။

ထိုအတူ ယခုလအတွင်းမှာ ညောင်ရွှေဘက်မှ စစ်ရှောင်များတချို့ နေရပ်သို့ ပြန်ရသော်လည်း ဒေသတွင် တိုက်ပွဲဖြစ်ပွားနေသောကြောင့် လုံခြုံရေးအတွက် စိတ်မချရသေးကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်အတွင်း လက်ရှိကျန်ရှိနေသော စစ်ရှောင်ဦးရေမှာ (၅,၀၀၀) ဝန်းကျင်သာ ကျန်ရှိသေးပြီး ပင်လောင်း နှင့် ညောင်ရွှေ မြို့နယ်အတွင်းရှိ စစ်ရှောင်များလည်း အများအပြားကျန်ရှိနေသေးကြောင်း သိရသည်။

May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...
May 5, 2026
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို...
May 4, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး...